အင်ဒိုတွင် ပြင်းထန်သောကျောက်ကပ်ရောဂါဖြင့်သေဆုံးသည့်ကလေးငယ် ၁၃၃ ဦးအထိများလာ

0
197

ဂျာကာတာ၊အောက်တိုဘာ ၂၁

အင်ဒိုတွင် ပြင်းထန်ကျောက်ကပ်ဝေဒနာ (AKI) ကြောင့်သေဆုံးခဲ့သည့် ကလေးအရေအတွက်သည် ယခင်က ၉၉ ဦးရှိခဲ့ရာမှ ၁၃၃ ဦးအထိများလာခဲ့ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးက အောက်တိုဘာ ၂၁ ရက်သောကြာနေ့၌ပြောကြားခဲ့သည်။

အဆိုပါသေဆုံးမှုများသည် ပြည်နယ် ၂၂ ခုမှစုစုပေါင်းဖြစ်ပွားမှု ၂၄၁ ခုမှဖြစ်ကြောင်း အင်ဒိုကျန်းမာရေးဝန်ကြီးကပြောကြားခဲ့သည်။လူနာအများစုသည် အသက်ငါးနှစ်အောက်ကလေးများဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့ပြင်၎င်းက အင်ဒိုနီးရှားရှိဆေးရည်အချို့တွင် Ethylene glycol နှင့် diethylene glycol များပါဝင်ပြီး အဆိုပါပါဝင်ပစ္စည်းများက ကလေးများအတွက်အသက်အန္တရာယ်ဖြစ်နိုင်သော AKI နှင့်ဆက်စပ်နေသည့် ပစ္စည်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုအခြေအနေများကြောင့် အင်ဒိုနီးရှားတွင် အရည်အမျိုးအစားဆေးများရောင်းချမှုနှင့်ဆေးညွှန်းမှုများကို ယာယီပိတ်ပင်ထားကာ ဒေသတွင်းကျန်းမာရေးနှင့်ကလေးအထူးကုများ၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှကိုယ်စားလှယ်များပါဝင်သော ကျွမ်းကျင်ပညာရှင်များအဖွဲ့ကိုဖွဲ့စည်းကာ ကလေးများ၌AKI တိုးပွားလာမှုကို စောင့်ကြည့်လေ့လာစေခဲ့သည်။

နိုင်ငံ၏အစားအသောက်နှင့်ဆေးဝါးအေဂျင်စီသည် ethylene glycol ပမာဏအလွန်အကျွံ့ပါဝင်သော ပြည်တွင်းထုတ်ကုန်ငါးခုကိုလည်းအမည်ထုတ်ဖော်ပြောကြားခဲ့ပြီး ထုတ်လုပ်သူများအား ထုတ်လုပ်ရေးကိုရပ်တန့်ရန်ပြောကြားခဲ့ပြီး ကျန်ရှိဆေးဝါးများကိုလည်းဖျက်ဆီးရန်ညွှန်ကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here