FATF က မြန်မာနိုင်ငံအားစံနူန်းသတ်မှတ်ချက်မပြည့်မှီ​​သေးဟုဆုံးဖြတ်ချက်ထွက်ပြီးနာရီပိုင်းအတွင်း ကျပ်ငွေတန်ဖိုးထိုးကျကာ ငွေကြေးဈေးကွက် ကမောက်ကမဖြစ်

0
473

ယ‌မန်နေ့ အောက်တိုဘာ (၂၁) ရက်တွင် ကမ္ဘာ့ဘဏ္ဍာရေး စောင့်ကြည့်အဖွဲ့ (FATF) က မြန်မာနိုင်ငံအား စံနူန်းသတ်မှတ်ချက်မပြည့်မှီ​​သေးသည့်စာရင်းထည့်သွင်းလိုက်သည့်နောက် နာရီပိုင်းအတွင် ကျပ်ငွေတန်ဖိုးထိုးကျကာ ပြည်တွင်း ငွေကြေးဈေးကွက်မှာ ကမောက်ကမဖြစ်နေသည့် အခြေအနေ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ ငွေကြေးဈေးကွက် ကမောက်ကမဖြစ်ရာတွင် ထိုင်းဘတ်ငွေဈေးနှုန်း မတည်ငြိမ်ခြင်းမှာ အဆိုးရွားဆုံးအခြေအနေဖြစ်နေပြီး ယခု မနက်ပိုင်းအတွင်း၌ပင် အတ က်အကျ မငြိမ်ဘဲ နာရီပိုင်းအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

” ထိုင်းငွေက အတော်ကို ဆိုးရွားတာ။ ခုတမျိုး တော်ကြာတမျိုးနဲ့ ခုမနက်ပိုင်းတင်ကို အမျိုးမျိုးဖြစ်နေတာ။ အစ်မတို့တောင် အခု ပိတ်လိုက်ပြီ ။ လောလောဆယ် အရောင်းအဝယ် မလုပ်တော့ဘူး။ ကိုယ့်လူတွေ အထိနာမှာစိုးလို့ ။ လောဘသားတွေ သတိကြီးကြီးထားပြီး အလုပ်လုပ်သင့်တယ်။ နားမည်ပါးမလည်နဲ့ စွတ်လုပ်ရင် နာရီပိုင်းအတွင်း သိန်းရာနဲ့ချီ ရှုံးသွားနိုင်တယ်။ မနေ့ ကအထိ ၇၀ ကျော်ကနေ ဒီမနက် ၉၀ ကျော် ၁၀၀ နီးပါး ဖြစ်နေပြီ။ ဟောအခု ပြန်ကျနေပြန်ပြီ။ ခဏနေပြန်တက်ဦးမှာ ။ လုပ်စားသမားတွေချည်းပဲ ။ တော်တော်လေး စိတ်ပျက်ဖို့ကောင်းတာ” ဟု မြဝတီမြို့မှ ထိုင်း‌ဘတ်ငွေ အရောင်းအ ဝယ်ပြုလုပ်သည့် ကောင်တာတစ်ခုမှ သတင်းရင်းမြစ်က ပေါ်ပြူလာသို့ ပြောသည်။

ယနေ့ နံနက်အစောပိုင်းတွင် ထိုင်း – မြန်မာငွေလဲနှုန်းအ နေဖြင့် မြန်မာငွေ တစ်သိန်းလျင် ထိုင်းဘတ်ငွေ ၁၃၀၀ ဝန်းကျင်မှ ၁၁၀၀ ဝန်းကျင်အထိ ရောက်ရှိလာပြီး နေ့လည်ပိုင်း (၁) နာရီဝန်းကျင်တွင် ဘတ်ဈေး အနည်းငယ် ပြန်ကျလာကြောင်း အဆိုပါ သတင်းရင်းမြစ်ထံမှ သိရသည်။

လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများအရ ထိုင်း – မြန်မာ ငွေလဲဈေးနှုန်းမှာ ကြိုက်ရောင်း ကြိုက်ဝယ်အခြေအနေဖြစ်နေပြီး အချို့နေရာများတွင် ထိုင်းငွေ တစ်ဘတ်လျင် မြန်မာငွေ ၁၀၀ ကျပ်အထိ ဈေးခေါ်ရောင်း ဝယ်နေကြပြီး သန်းနှင့်ချီအရောင်းအဝယ် ပြုလုပ်နေကြကြောင်းလည်း သိရသည်။

အလားတူ အမေရိကန်ဒေါ်လာ ငွေလဲဈေးကွက်တွင် လည်း ယမန်နေ့ ညပိုင်းကတည်းက ဈေးအဆမတန် ပြန်လ ည် မြင့်တက်ခဲ့ရာ ယခု နံနက်ပိုင်းတွင်အချို့အ​ရောင်းများ တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင်အထိ ပြန်လည် မြင့်တက်လာကြောင်း သိရသ ည်။

ယမန်နေ့ ညနေပိုင်း ဈေးကွက်ပိတ်ချိန်တွင် ၂၉၀၀ ဝန်း ကျင် ဖြင့်ဈေးကွက်ပိတ်ခဲ့သော်လည်း FATF ဆုူံဖြတ်ချက်သတင်းများ တက်လာပြီး နာရီပိုင်းအတွင်း ဈေးကစားသူများက ဈေးနှုန်းဆွဲတင်ခဲ့သည့်အတွက်​စျေးများပြန်လည် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here