လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်‌ ကော်မတီမတီရုံး‌ရှေ့တွင် ရပ်ထားသည့်ကားပေါ်မှ ရုပ်အလောင်း (၃) လောင်းတွေ့ရှိ

0
275

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ကော်မတီရုံးရှေ့တွင် ပြီးခဲ့သည့်  (၃) ရက်ခန့်ကတည်းက ရပ်ထားသည့် ယာဉ်ပေါ်မှ အလောင်း (၃) လောင်း တွေ့ရှိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက သေဆုံးပုပ်ပွနေသည့် အမျိုးသား အလောင်း (၃) လောင်းကို ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွှဲ  (၁)နာရီခွဲခန့်က ရွှေလင်ပန်းစက်မှုဇုန်ကော်မတီရှေ့၌ ရပ်ထားသည့် (၆) ဘီးကားအတွင်းမှ အပုတ်နံ့ များရနေကြောင်း သတင်းပေးသည့်အတွက် သက် ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးခဲ့ကြခြင်းဖြစ်ကြော င်းသည်။

ယင်းသို့ စစ်ဆေးရာ ရပ်တန့်ထားသည့် (၆) ဘီးကား၏ အလယ်ကြမ်း ခင်းအပေါက်အတွင်းမှ သေဆုံးနေသည့် အမည်၊ အသက်၊ နေရပ်လိပ်စာ(စုံစမ်းဆဲ) အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အလောင်းတွေက ပုပ်ပွနေပြီ ပြင်ပဒဏ်ရာမတွေ့ဘူး သက်ဆိုင်ရာကတော့ စစ်ဆေးစုံစမ်းတာတွေ လုပ်နေတယ်”ဟုလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းများအား လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here