နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် လုမ္ဗိနီ တိုရိုက်လေကြောင်းပြေးဆွဲနိုင်ရေးဆွေးနွေး

0
189

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး နှင့်တွေ့ဆုံ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် လုမ္ဗိနီ တိုရိုက်လေကြောင်းပြေးဆွဲနိုင်ရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် လုမ္ဗိနီအပြည်ပြည် ဆိုင်ရာလေဆိပ်အကြား တိုက်ရိုက်လေကြောင်းပျံသန်းရေး၊ ခရီးသွားလုပ်ငန်းတိုးတက်မှုကိုအခြေခံ၍ လုမ္ဗိနီ-ဂါယာ-ရန်ကုန်/ မန္တလေး/ နေပြည်တော် လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းရေး၊ လေကြောင်းသဘောတူစာချုပ်အသစ်တစ်ရပ်ချုပ်ဆိုရေး၊ ဒေသထွက်ကုန်များ အပြန်အလှန်တင်ပို့နိုင်ရေးနှင့် နီပေါနိုင်ငံတွင်းရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here