ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် နိုင်ငံ၏လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်

0
240

MSME လုပ်ငန်းတွင် ထုတ်လုပ်မှု၊ရောင်းဝယ်မှု၊ဝန်ဆောင်မှုနှင့်အခြားလုပ်ငန်းများရှိပြီး ကုန်ဈေးနှုန်းကြီးမြှင့်ရခြင်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်များခြင်း၊ရောင်းလိုအားနှင့်ဝယ်လိုအားမမျှတခြင်းများကြောင့်ဖြစ်သည်ဟု  အငယ်စား၊အသေးစားနှင့်အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား အောက်တိုဘာ ၂၂ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌ၊ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှနေပြည်တော်၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကုန်ဈေးနှုန်းကြီးမြင့်တာဟာ နိုင်ငံရဲ့လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်ပါတယ် မြန်မာနိုင်ငံမှာ အရင်က ဆန်စပါးရှားပါးမှုနဲ့ကုန် ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် နိုင်ငံရေးဆူပူမှုတွေဖြစ်ပေါ်ခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

နိုင်ငံအတွင်း၌ ထုတ်ကုန်ပစ္စည်းများလုံလောက်စွာရှိရန်လိုအပ်ပြီး ကုန်ထုတ်လုပ်မှုကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကာ မိမိတို့နိုင်ငံမှဆန်စပါး များ ပြည်ပသို့နှစ်စဉ်တင်ပို့လျက်ရှိပြီး မိုးစပါး၊နွေစပါး၊ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးပြီး သီးထပ်သီးညှပ်များ စိုက်ပျိုးလျက်ရှိသည်ဟု ပြောသည်။

အချို့ စိုက်ပျိုးမြေများတွင် စိုက်ပျိုးမှုများမရှိသည်ကို တွေ့ရှိရကာ သီးနှံများစိုက်ပျိုးရာတွင် သီးထပ်များစိုက်ပျိုးနိုင်ပါက စိုက်ပျိုးရေးထွက်ကုန်များ ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့ပါ ပိုမိုတင်ပို့ရောင်းချနိုင်မည်ဖြစ်၍ စိုက်ပျိုးမြေများကို အကျိုးရှိရှိအသုံးချ၍ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်လိုသည်ဟု ပြောသည်။

“စိုက်ပျိုးရေးထွက်ကုန်တွေ တိုးတက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် MSME လုပ်ငန်းတွေအတွက်လိုအပ်တဲ့ စိုက်ပျိုးရေးထွက်ကုန်ကြမ်းတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထုတ်ကုန်ပစ္စည်းတွေ ဈေးကွက်ရရှိဖို့အတွက် အရည်အ သွေးပြည့်မီတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့နဲ့ထုပ်ပိုးမှုတွေကို အဆင့်မီအောင်ဆောင်ရွက်နိုင်မယ်ဆိုရင် ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်ကိုပါ တင်ပို့ရောင်းချနိုင်မှာဖြစ်ပါတယ်” ဟု နစက ဥက္ကဋ္ဌကအကြံပြုသည်။

ပြည်တွင်းနှင့်ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများအသုံးချ၍ ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လိုကာ ပြည်တွင်းလိုအပ်ချက်ရှိသည့် လူသုံး ကုန်ပစ္စည်းများကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ပါက ပြည်ပမှတင်သွင်းမှုများကို လျှော့ ချနိုင်မည်ဟုဆိုသည်။

မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေး မြူရေးလုပ်ငန်းများဆောင်ရွက်ရန် တိရစ္ဆာန်အ စာများ လုံလောက်စွာရှိပြီး မွေးမြူရေးလုပ်ငန်းများအား စနစ်တကျမွေးမြူ၍ တန်ဖိုးမြှင့်ထုတ် ကုန်များထုတ်လုပ်ကာ ပြည်ပသို့တင်ပို့ရောင်းချနိုင်ပါက ပြည်ပဝင်ငွေများရရှိမည်ဟု ပြောသည်။

“မွေးမြူရေးလုပ်ငန်းတွေမှာ အသားထုတ်လုပ်မှုလုပ်ငန်းနဲ့ထွက်ရှိတဲ့ သားရေတွေနဲ့ သားရေထည် ထုတ်လုပ်တဲ့လုပ်ငန်းတွေ လုပ်လို့ရပါတယ်။ နေ ပြည်တော်နယ်မြေအတွင်းမှာ မွေးမြူရေးလုပ်ငန်းတွေကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။

ထို့ပြင် မြေပေါ်သယံဇာတဖြစ်သည့် သစ်တောထွက်ပစ္စည်းများကိုလည်း အကျိုးရှိစွာအသုံးချ၍ ဝင်ငွေများစွာရှာနိုင်ကာ ဝါးနှင့်ပတ်သက်ပြီး အ ချို့နိုင်ငံများတွင် ဝါးကိုနည်းပညာအသုံးပြုကာ တန်ဖိုးမြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ကုန်ထုတ်လုပ်မှုများကိုဆောင်ရွက်ကြသဖြင့် ရှိပြီးသားဝါးတောများကို ထိန်းသိမ်းကြရန်နှင့်ထပ်မံတိုးချဲ့စိုက်ပျိုးကြရန်လိုသည်ဟု တိုက်တွန်းခဲ့သည်။

“ဝါးနဲ့သစ်တွေ စိုက်ပျိုးဖို့အတွက် မြေနေရာတွေကိုလည်း သတ်မှတ်ချက်တွေနဲ့အညီ ခွင့်ပြုပေးသွားမှာဖြစ်လို့ လုပ်ငန်းတွေကိုအမှန်တကယ် ဆောင်ရွက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာ ကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here