စက်သုံးဆီစျေးနှုန်းများတည်ငြိမ်လျက်ရှိ ယနေ့ 92 Ron တစ်လီတာလျင် ၁၉၈၅ ကျပ်ဖြင့်ရောင်းချ

0
306

စက်သုံးဆီစျေးနှုန်းများတည်ငြိမ်လျက်ရှိကာ အောက်တိုဘာ ၂၃ ရက်(ယနေ့)တွင် ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၁၉၈၅ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသည်ကို စက်သုံးဆီတင်သွင်းလီတာလျှင်သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

 ရန်ကုန်အတွင်းရှိအချို့ဆိုင်များတွင် 92တစ်လီတာလျှင် 1965ကျပ်ဖြင့် လိုသလောက် ဝယ်ယူနိုင် ကြောင်းသိရသည်။ 

ပဲခူးတိုင်း၌လည်း ယနေ့တွင် 92 Ron တစ်လီတာလျင် ၁၉၉၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကာ မန္တ လေး၊နေပြည်တော်၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်၊မြစ်ကြီးနား၊စစ်တွေ၊ဟားခါးနှင့်ကျိုင်းတုံတို့၌ 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်ကျော်ဖြင့် ရောင်းချလျက်ရှိသည်။

အောက်တိုဘာ (၂၂) ရက်‌နေ့ကလည်း စ က်သုံးဆီသင်္ဘော ( ၆ ) စီး ကမ်းကပ်နေပြီး ဆီချရန် စီစဉ်လျက်ရှိပြီး အဆိုပါ သင်္ဘော(၆) စီးတွင် 92 Ron ၁၅.၇၈ ဂါလံသန်း၊ 95 Ron ၄.၁၅ ဂါလံသန်း၊ Disel ၃.၅၄ ဂါလံသန်း၊ Premium Disel ၅.၂၆ ဂါလံသန်း ပါဝင်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့် ဖြူးရေးအသင်းမှ သိရသည်။

အစိုးရအပါအဝင် ပြည်တွင်းရှိ စက်သုံးဆီ တင်သွင်းသူ များ ပြည်ပမှ မှာယူထားသည့် စက်သုံးဆီများ သီလဝါဆိပ်ကမ်းမှတဆင့် အလုံအလောက် ရောက်ရှိထားပြီး လာမည့် နိုဝင်ဘာလကုန်ပိုင်းအထိ စက်သုံးဆီအလုံအ လောက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၉၈၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၀၇၅ ကျပ်၊ HSD (500 ppm)မှာ တစ် လီတာလျင် ၂၅၈၀ ကျပ်၊ HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၆၆၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here