သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတံတားများ၌ စက်သုံးဆီတင်သင်္ဘောများမှ ဆီချလုပ်ငန်းဆောင်ရွက်လျက်ရှိ

0
212

ရန်ကုန် သီလဝါဆိပ်ကမ်းရှိ Regency၊ Elite စက်သုံးဆီတံတားများ၌ ဆိုက်ကပ်ထားသည့် စက်သုံးဆီတင်သင်္ဘောများမှ ရေယာဉ်များမှဆီချလုပ်ငန်းဆောင်ရွက်နေမှုကို ကုန်သွယ်မှုနှင့်ကုန် စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးညွန့်အောင်က အောက်တိုဘာ ၂၂ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများက စက်သုံးဆီသ င်္ဘောများ ဝင်ရောက်ရန်စီမံထားမှု၊ ယခုအပတ် ရုံးပိတ်ရက်ရှည်အတွင်း စက်သုံးဆီဆိုင်များတွင် စက်သုံးဆီများပြတ်လပ်မှုမရှိစေရန် ဆောင်ရွက် ထားရှိသည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့ပြင် ဒု-ဝန်ကြီးဦးညွှန်အောင်သည် နံနက် ၁၀ နာရီခွဲတွင်လည်း အမှတ်(၁)ဆူးလေဆိပ်ကမ်းတွင် MV–VTC Ocean တွင် ဆန်တန်ချိန် ၂၁၃၀၀၊ MV-VOLA တွင် ဆန်တန်ချိန် ၂၆၇၅၀ နှင့် MV-AGIA IOANNA တွင် ဆန်တန်ချိန် ၃၀၂၅၀ သင်္ဘောများပေါ်သို့တင်ဆောင်၍ ထွက်ခွာမည့် အခြေအနေများအား ကြည့်ရှုခဲ့သည်။

ဆိပ်ကမ်းတာဝန်ရှိသူများက ဆိပ်ကမ်းပိုင်းဆိုင် ရာ အချက်အလက်များ၊ မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်မှ တာဝန်ရှိသူများက ပြည်ပသို့ဆန်တင်ပို့မှုတို့ကို ဒု-ဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here