ကမ္ဘောဒီးယားနှင့်အရှေ့တီမောတို့ ခရီးသွားလာရေးနှင့်ကုန်သွယ်မှုအလားအလာကိုမြှင့်တင်မည်

0
179

ကမ္ဘောဒီးယားနှင့်အရှေ့တီမောတို့ပူးပေါင်း၍ ငြိမ်းချမ်းရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ စီးပွားရေးဖိုရမ်ကိုကျင်းပခဲ့ပြီး အရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ ဟိုဆေး မန်နျူဝယ် ရာမိုစ့် အော်တာနှင့် ခရီးသွားဝန်ကြီးဌာနဝန်ကြီး ထုံခွန်  တို့သည် သောကြာနေ့ကဖနွမ်းပင်မြို့ ဆိုဖီတယ်လ်၌ ဖိုရမ်သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြသည်။

ကမ္ဘောဒီးယားနှင့်အရှေ့တီမောတို့ကြား နယ်ပယ်အားလုံး၏ပူးပေါင်းဆောင်ရွက်မှုတွင် ထူးထူးခြားခြားတိုးတက်မှုရှိကြောင်း ခွန်ကပြောကြားခဲ့ကာ နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ခရီးစဉ်သည် ပူးပေါင်းဆောင်ရွက်မှုကိုနောက်တစ်ဆင့်သို့ တွန်းအားပေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

နှစ်နိုင်ငံကြားသဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့မှာလေကြောင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုဆိုင်ရာသဘောတူညီချက်နှင့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်ခုတို့ဖြစ်သည်။ယခုကဲ့သို့ပြုလုပ်မှုများသည် နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ခရီးသွားလုပ်ငန်းအပါအဝင် နှစ်နိုင်ငံပြည်သူချင်းချိတ်ဆက်မှုမြှင့်တင်ရေးအတွက် အခွင့်အလမ်းများကိုပါ ပွင့်လာစေမည်ဖြစ်ကြောင်း မစ္စတာခွန်ကပြောကြားခဲ့သည်။

ထို့အပြင်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ဖလှယ်ရေးနှင့်ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုခိုင်မာစေမည်ဖြစ်သည်။ယင်းနောက် ကမ္ဘောဒီးယားတော်ဝင်အစိုးရသည် အရှေ့တီမော၏အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို အပြည့်အဝထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့သည်။

ယခုဖိုရမ်တွင် ပုဂ္ဂလိကကဏ္ဍနှင့် အစိုးရအဖွဲ့အစည်းများတက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအကြားစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအတွက် အမြင်များဖလှယ်ခြင်းတို့ကို အဓိကထားဆွေးနွေးခဲ့ကြသည်ဟုသိရှိရသည်။

ယင်းနောက် အရှေ့တီမောသည် ကမ္ဘောဒီးယားအပါအဝင် ဥရောပနှင့်အရှေ့တောင်အာရှနိုင်ငံများနှင့် မဟာမိတ်များစွာဖွဲ့ထားကြောင်းလည်း သမ္မတကပြောကြားခဲ့ပြီး နိုင်ငံများသည်အပြုသဘောဆောင်သော ပတ်ဝန်းကျင်ကိုဖန်တီးနိုင်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။အရှေ့တီမောသည် နိုင်ငံရေးအကြမ်းဖက်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဒီမိုကရေစီနှင့်စီးပွားရေးဇုန်ကို ဖန်တီးနိုင်ခဲ့သည်ဟုလည်း သမ္မတကထောက်ပြခဲ့သည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here