မန္တလေးတွင် အမျိုးသမီးတစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ကာ သေဆုံး

0
536

မန္တလေးတိုင်း ဒေသကြီး ၊ ချမ်းအေးသာဇံမြို့နယ်တွင် အ မျိုးသမီးတစ်ဦး ဆိုင်ကယ်မတော်တဆဖြစ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ချမ်းအေးသာဇံမြို့နယ် ၊ (၃၃) လမ်း (၃၅) လမ်းကြား ၊ (၆ ၆) လမ်းပေါ်တွင် အမျိုးသမီးတစ်ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်မှာ လမ်းဘေးရှိ သစ်ပင်အား ဝင်တို က်ပြီး ဆိုင်ကယ်စီးလာသူ အမျိုးသမီးမှာ နေရာ၌ သေ ဆုံးသွားသည့် ဖြစ်စဉ် အောက်တိုဘာလ (၂၂) ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆိုင်ကယ်ကအရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကိုဝင်တိုက်မိတဲ့အနေအထားပါ မျက်နှာမှာဖူးယောင်ပေါက်ပြဲနေတဲ့ဒဏ်ရာတွေနဲ့သေဆုံးနေတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

” သစ်ပင်ကို ဝင်တိုက်ထားတာပေါ့။ မျက်နှာမှာ ဖူးယောင်နေတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာပေါ့။ ဖြစ်တာက ညတည်းက ဖြစ်တာနေမယ်။ အလောင်းကတော့ ခုမနက်အစောပိုင်းမှ တွေ့ရတာ” ဟု မြို့ခံတစ်ဦးက ပေါ်ပြူ လာနယူး(စ်) သို့ ပြောသည်။

သေဆုံးသူ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်မှာ စကူဖီးလ် အမျိုးအစားဖြစ်ပြီး သစ်ပင်ကို ဝင်တိုက်ထားသည့်အရှိန်ကြောင့် ဆိုင်ကယ်ရှေ့ခြမ်းမှာ ပျက်ဆီးသွားကြော င်း သိရသည်။

သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအာ ရွှေချည်စေတနာ လူမှုကူညီရေးအဖွဲ့မှ မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ယ နေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here