ရာထူးအပြောင်းအရွှေ့က  ရှီ၏ တတိယ သက်တမ်းကိုလမ်းခင်းပေး

0
239

(အဲရစ် ဘက်ရှော ​ရေးသည်)

ဝန်ကြီးချုပ် လီ နှင့် ၎င်း၏ မဟာမိတ် ဝမ် တို့ ပါတီ ဦးဆောင်မှုမှ အနားယူလိုက်ရာ ရှီသည် အစိုးရအဖွဲ့ကို အပြည့်အဝ ချုပ်ကိုင်နိုင်ပြီဖြစ်သည်။ 

လီနှင့်ဝမ်တို့သည် ၂၀၅ ဦးပါ  ဗဟိုကော်မတီ ၌ မပါတော့ပေ။ ဗဟို ကော်မတီဝင်များထဲမှ ၂၅ ဦးပါ ပေါ်လစ်ဗျူရိုကို ရွေးချယ်ရပြီး ၎င်းတို့ အနက်မှ အမြဲတမ်း ကော်မတီ ဝင် ၇ နှစ်ဦး ကို ရွေးချယ်ခြင်း ဖြစ်သည်။

အဆိုပါစာရင်းကို မနေ့က ကြေညာခဲ့သည်။ ရှီသည် တတိယအကြိမ် ခေါင်းဆောင် ဖြစ်လာမည်ဖြစ်ပြီး ပြည်သူ့ခေါင်းဆောင် တနည်း ဥက္ကဋ္ဌကြီး အဆင့်သို့ မြင့်တက်လာမည်ဖြစ်သည်။ အငြိမ်းစားယူရမည့် အသက် ၆၈ နှစ်ကို ပြည့်ပြီးဖြစ်သော်လည်း ဆက်လက် ဦးဆောင်သွားမည် ဖြစ်သည်။ 

ရှီ၏ဘေး၌ ကပ်ထိုင်နေသော သမ္မတဟောင်း ဟူကျင်တောင်ကို  ရှီ မိန့်ခွန်းပြောရန် ပြင်ဆင်စဉ် အခန်းပြင်ပသို့ လုံခြုံရေးများက ခေါ်ထုတ်ရာ  ၇၉ နှစ်အရွယ် ဟူသည် ထွက်သွားချင်ပုံ မရဘဲ အထွက်တွင် ရှီနှင့် လီ ကို တခုခု​ပြော​နေပုံရသည်။ 

လွှတ်တော်  ဥက္ကဋ္ဌလီ က ဟူကို တွဲခေါ်ရန် ထမည်အပြု၌ ပါတီ ဝါဒ သဘောတရား ရေးရာ အကြီးအကဲ ဝမ်ဟူနင်းက ထိုင်နေရန် ပြောကြားခဲ့သည်။ 

ဟူသည် ကျန်းမာရေး မကောင်းဟု သိထားကြသည်။ 

ညီလာခံ ကိုယ်စားလှယ် ၂၀၀၀ ကျော်နှင့် သတင်းထောက်များရှေ့တွင် ဟူက ထွက်ခွါရန်ငြင်းဆန်သလိုပုံထွက်​နေမှုကြောင့် ညီလာခံ၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ 

လီ နှင့် ဝမ်တို့ အနားယူသွားသဖြင့်  ရှီသည် ယခု အခါ အမြဲတမ်း ကော်မတီ ၌ သူ့မဟာမိတ် များကို ထည့်သွင်းနိုင်ပြီ ဖြစ်သည်။ 

လီသည် ကွန်မြူနစ်လူငယ် အဖွဲ့ ခေါင်းဆောင်ဖြစ်သည်။ 

ဤအဖွဲ့သည် ရှီ၏ ရှေးရိုးစွဲ အဖွဲ့ကို ချိန်ခွင်လျှာ ညှိပေးသည်။ 

၆၇ ရှိပြီ ဖြစ်သော လီ နှင့် သူ့မဟာမိတ် ဝမ် တို့သည် ပိုမိုလွတ်လပ်သော စီးပွားရေး မူဝါဒ များကို လိုလားသည်။ 

ဝမ်သည် လီ၏ နေရာကို ဆက်ခံမည်ဟု ယူဆထား ကြသော်လည်း သူ့ကိုပါ ဖယ်ရှား လိုက်ခြင်းဖြစ်သည်။ 

ရှီ၏ ဦးစီးအရာရှိချုပ် ဒင် ရှူရှင်း၊ လီကျင်း၊ လီရှီ နှင့် ချန်မီနေးတို့သည် အမြဲတမ်း ကော်မတီ၏ ကိုယ်စားလှယ်လောင်းများ ဖြစ်လာကြသည်။ 

အစဉ်အလာအရ ခုနှစ်ဦး ကော်မတီသည် အတိုင်ပင်ခံ အဖွဲ့ ဖြစ်သော်လည်း  ရှီကသာ ဆယ်နှစ်လုံးလုံးချုပ်ကိုင်ထားခဲ့သည်။ သူ့ အစိုးရသည် မော်စီ တုန်းလက်ထက်ကကဲ့သို့ ၃ မဲ၊ ၄ မဲ နှစ်ခြမ်းကွဲ မည် မဟုတ်ဟု ယူဆထားကြသည်။ ထိုစဉ်က လွတ်လပ်သော အဖွဲ့ နှင့် ထိန်းချုပ်သော အဖွဲ့ ဟူ၍ နှစ်ဖွဲ့ ကွဲ ခဲ့သေးသည်။  

ပါတီညီလာခံသည် မနေ့က ရှေ့လုပ်ငန်းစဉ်များကို ချ မှတ်ခဲ့ရာ  ရှီသည် ပိုမို ခိုင်မြဲလာပြီးသူ၏  “အကာအကွယ် နှစ်ခု” နှင့်  ‘‘ထူ ထောင်မှုနှစ်ခု’’ ကို အတည်ပြုပေးခဲ့သည်။  သို့ဖြစ်၍  ‘‘ရှီကျင့်ဖျင် အတွေးအခေါ်’’ က လာမည့် မျိုးဆက်အတွက် ပါတီ၏လားရာကို လမ်းညွှန်သွားမည်ဖြစ်သည်။

Source-The Age

Photo -AP


LEAVE A REPLY

Please enter your comment!
Please enter your name here