FATF ဂယက်ကြောင့် စားအုန်းဆီဈေးနှုန်း ၉၅၀၀ ကျပ်အထိ ပြန်တက်လာ၊အချို့ဆိုင်များအရောင်းနားထားရ

0
355

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံအား စံနူန်းသတ်မှတ်ချက်မပြည့်မှီ  သေးသည့်စာရင်းထည့်သွင်းလိုက်သည့် ဂယက်ကြောင့် ပြည်တွင်းရှိ ကုန်ဈေးနှုန်းများ လှုပ်ခတ်လျက်ရှိရာ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၉၅၀၀ ကျပ်အထိ ပြန်လည် မြင့်တက်သွားကြောင်း သိရသည်။

(FATF)၏ အောက်တိုဘာ (၂၁) ရက်​ကြေငြာချက်ထုတ်ပြန် ခဲ့ပြီးနောက် အကျိုးဆက်အနေဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများပါ မြင့်တက်ရန် တာဆူနေခြင်းလည်း ဖြစ်သည်။

ပြည်တွင်း စားအုန်းဆီဈေးနှုန်းသည် အကျဘက်သို့ သိသိသာသာရောက်ရှိခဲ့ပြီးနောက် ယမန်နေ့ အောက်တိုဘာ (၂၂) ရက် နံနက်ပိုင်းမှ စတင်ကာ ပြန်လည်မြင့်တက်လာခြင်း ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် (၃၀၀၀) အထိ မြင့်တက်လာခြင်း ဖြစ်သည်။

” ၆၅၀၀ ကနေ မနေ့က ၈၆၀၀ အထိ တက်တယ်။ ဒီမနက်တော့ ၉၅၀၀ ဖြစ်သွားပြီ။ တချို့ကတော့ ၉၀၀၀ နဲ့ရောင်းနေတယ်။ တချို့ဆိုင်တွေလည်း မရောင်းဘူး ၊ ပိတ်ထားကြတယ်” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကတည်းက ဈေးနှုန်းမြင့်တက်ခြင်းများဖြစ်ပေါ်ကာ စိုးရိမ်စိတ်နှင့် တန်းစီဝယ် ယူမှုများ ရန်ကုန်နှင့် မန္တလေးရှိ အချို့မြို့နယ်များတွင်ဖြစ်ပေါ်ခဲ့ပြီး အချို့ဆီအရောင်းဆိုင်များမှာ ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ယနေ့နံနက်ပိုင်းအထိ အရောင်းအဝယ်မလုပ်တော့ဘဲ ဆိုင်ပိတ်ထားကြောင်လည်း သိရသည်။

” မြန်မာနိုင်ငံမှာက အစိုးရိမ်လွန်ကဲတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိတော့တဲ့အနေထားမျိုးဖြစ်နေတာ။ တစ်ခုခုဆို အလုအယက် ပြေးဝယ်ကြတော့တာပဲ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့စကားလိုပေါ့။ ဈေးတက်ဖို့ စောင့်နေတဲ့အဖွဲက ကြိုက်တာပေါ့ ” ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လများအတွင်းကလည်း ပြည်တွင်းရှိ ငွေဈေး ကွက်အတွင်း ဒေါ်လာဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သည့်အတွက် စားအုန်းဆီ ဈေးနှုန်းမှာ ၁၀၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး အစိုးရက ဈေးကွက်ထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ၆၀၀၀ ဝန်းကျင်အထိ ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို ဈေးနှုန်း သိသိသာသာ ပြန်လည် ကျဆင်းခဲ့သော်လည်း ဈေးနှုန်းကစားသူများကြောင့် ယခု ၉၅၀၀ ကျပ်အထိ ပြန်လည်မြင့်တက်သွားခြင်း ဖြစ်သည်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး ကြပ်ရေး ကော်မတီက ပြည်တွင်း စားသုံးဆီဈေးကွက်တွ င် အရောင်းအဝယ် ပြုလုပ်ရန် ရည်ညွှန်းဈေးနှုန်းများကို အပတ်စဉ် သတ်မှတ်ပေးနေပြီး ဈေးကစားခြင်း၊ မသမာ သောနည်း ဖြင့် သိုလှောင်ထားခြင်း၊ ဈေးတင်ရောင်းချခြင်းများကို အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူမ ည်ဟု ပြောဆိုနေသော်လည်း ဆီဈေးနှုန်းမှာ ထိန်းချုပ်ရခက်ခဲသည့် အနေအထား၌ပင် ရှိနေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here