ဂျော်ဂျီယာမယ်လိုနီသည် အီတလီနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့

0
144

ရောမ၊အောက်တိုဘာ ၂၂

ဂျော်ဂျီယာမယ်လိုနီသည် အီတလီနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ၎င်း၏အစိုးရအဖွဲ့ဝင်များနှင့်အတူ စနေနေ့တွင်ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

၎င်းသည် အီတလီနိုင်ငံ၏ကြွေးမြီတင်ထားသောစီးပွားရေးက တစ်ဖန်ဆုတ်ယုတ်မှုသို့ဦးတည်သွားနေချိန်ဖြစ်ပြီး ကုမ္ပဏီများသည် စွမ်းအင်အကျပ်အတည်းရိုက်ခတ်မှုအောက်ပိတ်မိနေချိန်နှင့် ယူကရိန်းစစ်ပွဲအတွက် ၎င်း၏ညွန့်ပေါင်းအဖွဲ့အတွင်း အယူအဆများကွဲလွဲနေချိန်များဆုံနေပြီး ခက်ခဲတင်းမာနေချိန်တွင် ရာထူးတက်လာခြင်းဖြစ်သည်။

မယ်လိုနီ၏အစိုးရသည် ဖေဖော်ဝါရီလက ယူကရိန်းသို့ကျူးကျော်ပြီးနောက် ရုရှားကိုပိတ်ဆို့အရေးယူရန် ဥရောပသမဂ္ဂ၏ကြိုးပမ်းမှုတွင် ရှေ့တန်းမှပါဝင်ခဲ့သူတစ်ဉီးဖြစ်သည့် ယခင်ဥရောပဗဟိုဘဏ်အကြီးအကဲ မာရီရိုဒရာဂီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရနေရာတွင် အစားထိုးခဲ့ခြင်းဖြစ်သည်။

မယ်လိုနီ၏ပါတီတွင် ဖက်ဆစ်ဝါဒီကိုထောက်ခံအားပေးသောလက်သစ်များပါရှိသော်လည်း ရွေးကောက်ပွဲအတွက်မဲဆွယ်ကာလတွင် အလယ်အလတ်ပုံသဏ္ဍာန်သာပြရန်ကြိုးပမ်းခဲ့ပြီး ယခင်ကအီးယူဆန့်ကျင်ရေးကြွေးကြော်သံများကိုလျှော့ချကာ အီတလီအားဥရောပနှင့်အနောက်တိုင်း အဖွဲ့အစည်းများ၏ဗဟိုချက်တွင်ထားရှိရန် ကတိပြုခဲ့သည်။

ဘရပ်ဆဲလ်ရှိ ဥရောပကော်မရှင်ခေါင်းဆောင်များကလည်း သူမအား စနေနေ့ကဂုဏ်ပြုလွှာပေးပို့ခဲ့ပြီး “ကျွန်မတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် အစိုးရသစ်နဲ့အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေိကို မျှော်လင့်နေပါတယ်” ဟုလည်း ကော်မရှင်ဥက္ကဌ အာစလာဗွန်ဒယ်လီယန်က တွစ်တာတွင်ရေးသားခဲ့သည်။

မယ်လိုနီသည်ဘရပ်ဆဲလ်နှင့် ၎င်းတို့၏ပုံမှန်တိုက်ပွဲများအကြားတွင် မယ်လိုနီ၏အစိုးရအား အင်အားကြီးသောမဟာမိတ်ဖြစ်နိုင်ကြောင်းမျှော်မှန်းထားသည့် ဥရောပအမျိုးသားရေးဝါဒီကွန်ဆာဗေးတစ်များထံမှလည်း ချီးကျူးဂုဏ်ပြုမှုများရရှိခဲ့သည်။အလားတူပင် ဟန်ဂေရီဝန်ကြီးချုပ်နှင့် ပြင်သစ်လက်ယာစွန်းခေါင်းဆောင်တို့ထံမှလည်း ဂုဏ်ပြုစကားများအသီးသီးလက်ခံရရှိခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here