ပုလောမြို့နယ်ရှိ ကျေးရွာချင်းဆက်သံဘောင်ဘေလီတံတား မိုင်းခွဲဖျက်ဆီးခံရဟု နစက ထုတ်ပြန်

0
250

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊မဒေါင်ကျေးရွာနှင့်ပိတတ်ကျေးရွာကြားရှိ ကဒဲချောင်းကူးကျေး ရွာချင်းဆက် သံဘောင်ဘေလီတံတားသည် အောက်တိုဘာ ၂၁ ရက်ညပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၁ နာရီခွဲခန့်က တိုကျေးရွာအုပ်စု၊ပိတတ်ကျေးရွာအနီးတွင် ပေါက်ကွဲသံ ၁ ချက် ကြားရကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်း၌ သွား ရောက်စစ်ဆေးခဲ့ကြသည်။

စစ်ဆေးရာ ပုလောမြို့နယ်၏ တောင်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ မဒေါင်ကျေးရွာနှင့်ပိတတ်ကျေးရွာကြားရှိ ကဒဲချောင်းကူး(ဒေသအခေါ်ပိတတ်ချောင်း)ကျေးရွာချင်းဆက် သံဘောင်ဘေလီတံတား(အကျယ် ၁၂ ပေ၊ အရှည် ၄၂၀ ပေ) အား လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးထားသည်ကို တွေ့ရှိခဲ့ရသည်။

မိုင်းခွဲဖျက်ဆီးခံရ၍ ကျေးရွာချင်းဆက်သံဘောင်ဘေလီတံတား၏ တံတားကြမ်းခင်း သံပြား ၄ ချပ်ပြုတ်ထွက်ပျက်စီးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကာ လက်ရှိတွင် မော်တော်ယာဉ်များ သွားလာ ၍ မရဘဲ မော်တော်ဆိုင်ကယ်များသာသွားလာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ပျက်စီးနေသည့်တံတားအား ပုလောမြို့နယ်၊ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်ဝန်ထမ်းများက အမြန်ဆုံးပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here