ရန်ကုန်တိုင်းနယ်မြေ ၄၅ မြို့နယ်၏ အခြေခံလူ ဦးရေစာရင်း လစဉ်တိုက်ဆိုင်စီစစ်ခြင်းနှင့်မဲရုံများအတည်ပြုသတ်မှတ်ခြင်းလုပ်ငန်းပြီးစီး

0
147

ရန်ကုန်တိုင်းနယ်မြေ ၄၅ မြို့နယ်၏ မဲစာရင်းပြည့် စုံမှန်ကန်ရေးအခြေခံလူဦးရေစာရင်း လစဉ်တိုက်ဆိုင်စီစစ်ခြင်းနှင့်မဲရုံများအတည်ပြုသတ်မှတ်ခြင်းလုပ်ငန်းသည် အောက်တိုဘာ ၂၀ ရက်ကပြီး စီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်မှုအား အောက်တို ဘာ ၁၂ ရက်မှစတင်ဆောင်ရွက်ခဲ့ကာ အောက်တို ဘာ ၂၀ ရက်၌ ရန်ကုန်တိုင်းနယ်မြေရှိ မြို့နယ်အားလုံးတွင် ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရှိ မြို့နယ် ၄၅ မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ဩဂုတ်လနှင့်စက်တင်ဘာလ အခြေခံလူဦး ရေစာရင်း တိုက်ဆိုင်စီစစ်ချက်များအရ မြေပြင်တွင် နေထိုင်သူဦးရေစာရင်း၌ ၁၅၃၆၂ ဦး၊ ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ ၈၅၆၅ ဦး၊ နိုင်ငံသားကတ်ရှိသူစာရင်း၌ ၁၃၅၅၀ ဦးအသီးသီးတိုးလာကြောင်း သိရသည်။

အောက်တိုဘာ ၂၀ ရက်တွင် UEC အဖွဲ့ဝင် ဦးအောင်စောဝင်းနှင့်ဦးစောဘလှိုင်တို့ဦးစီး၍ ရန် ကုန်တိုင်း၊သန်လျင်ခရိုင်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် သန်လျင်ခရိုင်မဲဆန္ဒနယ်မှ မြို့နယ်ငါးမြို့နယ်၏ အခြေခံလူဦးရေစာရင်းတိုက်ဆိုင်စီစစ်ထားရှိမှုနှင့် အဆိုပြု မဲရုံလျာထားချက်များကို စီစစ်အတည်ပြုသတ်မှတ်ခဲ့ကြသည်။

UEC အနေဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေး အခြေ ခံလူဦးရေစာရင်း လစဉ်တိုက်ဆိုင်စီစစ်ခြင်းနှင့်မဲ ရုံများလျာထားသတ်မှတ်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှလည်း မဲစာ ရင်းပြုစုရာတွင် ကော်မရှင်ကသတ်မှတ်သည့် ပုံစံဇယားများအတိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့က ပြုစုထားသည့် လူဦးရေစာရင်းများကို ရယူအခြေခံပြုစုရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here