ဗန်းမော်၊ရွှေပြည်သာနှင့်မိုင်းပန်မြို့နယ်တို့တွင် စိတ်ကြွဆေးပြားများနှင့်ဘိန်းဖြူဘလောက်တုံးများဖမ်းဆီးရမိ

0
252

ကချင်ပြည်နယ်၊ဗန်းမော်မြို့၊ ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်နှင့်ရှမ်းပြည်နယ်၊မိုင်းပန်မြို့နယ်တို့တွင် အောက်တိုဘာ ၂၀ ရက်က စိတ်ကြွဆေးပြားများနှင့်ဘိန်းဖြူဘလောက်တုံးများဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက ဗန်းမော်မြို့၊ရွှေပြည်သာရပ်ကွက်တွင် အောင်အောင် (ခ)ဦးကြည်(၃၃)နှစ် မောင်းလာသည့်ဆိုင်ကယ်အား တားဆီးစစ်ဆေးရာ စိတ်ကြွဆေးပြား ၃၉၀၀ ပြားကိုဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊အမှတ် (၉)ရပ်ကွက်၊ကရုဏာလမ်းရှိ မခိုင်ခိုင်ဝင်း(၄၁) နှစ်အား နံနက် ၇ နာရီခွဲတွင် ၎င်း၏နေအိမ်အ တွင်းမှ စိတ်ကြွဆေးပြား ၂၃၄၀၀ ပြားနှင့်အတူဖမ်းဆီးရမိခဲ့သည်။

နေ့လည် ၃ နာရီခွဲတွင်လည်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊မိုင်းပန်မြို့နယ်၊ဝိုးလိုင်းကျေးရွာအုပ်စု၊တာဆန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မနန်းခမ်းယုံ(၃၆)နှစ်မောင်းလာသည့်ကားပေါ်မှ ဘိန်းဖြူဘလောက်တုံး(၆ ဒသမ ၃ ကီလို)အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဥ်များ၌ ဖမ်းဆီးရမိသူများအား သက်ဆိုင် ရာရဲတပ်ဖွဲ့စခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here