ပုသိမ်မြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် ခရီးသည်တင်ကားနှင့်ကိုယ်ပိုင်ကားတိုက် ၁ ဦးသေဆုံး

0
208

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်၊ကိုးဆူကျေးရွာအနီးရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် အောက်တို ဘာ ၂၃ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့ည ၆ နာရီခွဲက ပုသိမ်မြို့နယ်၊ကိုးဆူကျေးရွာအနီးရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၏ မိုင်တိုင်အမှတ်(၁၀၆/၆)နှင့်(၁၀၆/၇)ကြားတွင်ရွှေစင်စင်္ကြာခရီးသည်တင်ကားနှင့်အိမ်စီးကားတို့ တိုက်မိခဲ့သည်။

ပုသိမ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် အမျိုးသား ၁ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားကာ အမျိုးသား ၂ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးသွားတဲ့အမျိုးသားနဲ့ဒဏ်ရာရတဲ့ ၂ ယောက်က ကိုယ်ပိုင်ကားပေါ်ကပါ အမျိုးသား ၃ ယောက်စီးလာတာ ခရီးသည်တင်ကားပေါ်ပါလာတဲ့လူတွေကတော့ဘာမှမဖြစ်ပါဘူး ကူညီကယ် ဆယ်ရေးလုပ်တာမှာ ည ၈ နာရီလောက်မှပြီးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား ဘက်စုံလူမှုကူညီရေးအသင်း၏ လူ နာတင်ကားဖြင့် ပုသိမ်မြို့နယ်ပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here