အမှတ်(၂)ကမာကြည်တံတားပေါ်မှတဆင့် အမျိုး သမီးငယ် ၁ ဦးခုန်ချ၍ပျောက်ဆုံးလျက်ရှိ

0
583

သုဝဏ္ဏ-ဒဂုံတောင်ပိုင်းသို့ ဖြတ်သန်းသည့် အ မှတ်(၂)ကမာကြည်တံတားပေါ်မှ အောက်တိုဘာ ၂၄ ရက်(ယနေ့)နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦး ခုန်ချသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၉ နာရီကျော်ခန့်က အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ၎င်းတွင်ပါလာသည့် ပစ္စည်းများအား အမှတ်(၂)ကမာကြည်တံ တား၏ လျှောက်လမ်းတွင်ချထားခဲ့ပြီးနောက် ရေထဲသို့ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရှာဖွေရေးလုပ်ဖို့အတွက် လူမှုကူညီရေးအသင်းတွေအတော်များများရောက်နေကြပါပြီ ရေစီးသန်နေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်လို့မရသေးပါဘူး လတ်တလောမြေပြင်အခြေအနေကိုတော့မပြတ်စောင့်ကြည့်နေပါတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြား ရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။

ထို့ပြင် တံတားပေါ်မှခုန်ချသွားသည့် အမျိုးသမီးငယ်၏ နောက်ဆုံးခေါ်ထားသည့် ဖုန်းနံပါတ်မှတဆင့် ၎င်း၏မိသားစုဝင်များနှင့်လည်း အဆက် အသွယ်ရထားကြောင်း သိရသည်။

“အမျိုးသမီးကိုင်ပိုက်ဆံအိတ်၊ ဖုန်း၊ ပိုက်ဆံတစ်ချို့၊ ဆွဲကြိုးနဲ့ လိပ်စာကဒ်တွေလည်း တံတားလျှောက်လမ်းမှာချထားခဲ့တာကိုတွေ့ရပါတယ်” ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here