မန္တလေးတွင် ညီအကိုနှစ်ဦး ခိုက်ရန်ဖြစ်ပွားရာမှ ညီဖြစ်သူ ဓားဖြင့်ထိုးခံရ၍ သေဆုံး

0
495

မန္တလေးတိုင်းဒေသကြီး ၊ မဟာအောင်မြေမြို့နယ်တွင် ညီအစ်ကိုနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ညီဖြစ်သူမှာ ဓားဖြင့်ထိုးခံရကာ သေဆုံးသွားသည့်ဖြစ်စဉ်တစ်ခု ယနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၂၄) ရက် နံနက် (၁၀) နာရီဝန်းကျင်က မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ (၈၇) လမ်းနှင့် (၈ ၈) လမ်းကြားတွင် နေထိုင်သည့် ညီအစ်ကိုနှစ်ဦး စကား များကာ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခိုက်ရန် ဖြစ်ပွားစဉ် အစ်ကိုဖြစ်သူမှ ညီဖြစ်သူအား ဓားဖြင့်ထိုးခဲ့သည့်အတွက် ညီဖြစ်သူမှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် မဏီစလ လူမှုကူညီရေးအသင်း (မန္တလေး) ထံမှ သိရသည်။

” ဖြစ်ဖြစ်ချင်း ဖုန်းဝင်လာလို့ ကျွန်တော်ကိုယ်တိုင်ပဲသွားလိုက်တာ။ ရောက်တော့ အိမ်ထဲက လေးယောက်က မပြီး ကားပေါ်တင်ပေးလိုက်တာ။ လေပြွန်ကို ထိတာပေါ့နော်။ ကားပေါ် ရောက်တဲ့အထိ သွေးက ပန်းထွက်နေတာ။ ဖြစ် စဉ်အသေးစိတ်ကတော့ ဘယ်လိုဖြစ်လဲ မသိဘူးဗျ။ ကားရောက်ဆို တင်ပေးလိုက်တာပေါ့နော်” ဟု မဏီစလ လူမှုကူညီရေးအသင်း (မန္တ လေး) မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

သေဆုံးသွားသည့် ညီဖြစ်သူမှာ အသက် (၂၇) နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ပြီး အလောင်းကို မဏီစလ လူမှုကူညီရေးအသင်းမှ မန္တလေးဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင် ကူညီခဲ့ကြောင်းလည်း အဆိုပါအသင်းက ဖော်ပြထားသည်။

” ဟုတ်တယ်၊ ဟုတ်တယ် ။ ညီအစ်ကိုတွေ ရန်ဖြစ်ကြတာပေါ့နော် ။ အစ်ကိုလုပ်သူက ဓားနဲ့ထိုးလိုက်တာ။ အငယ်ကောင် သေသွားတယ်ပြောတယ်။ အခုတော့ ရဲက ခေါ်သွားပြီလို့လည်း ကြားတယ်။ သေသေချာချာတော့ မသိဘူး” ဟု မဟာအောင်မြေမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဓားဖြင့်ထိုးခဲ့သည့် အစ်ကိုဖြစ်သူအား ရဲတပ် ဖွဲ့မှ ဖမ်းဆီးထားပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသ ည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အ လက်များ သိရှိနိုင်ရန် မဟာအောင်မြေရဲစခန်းအား တယ် လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းဆက်သွယ်၍ မရခဲ့ပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here