လှိုင်မြို့နယ်တွင် နေအိမ်တိုက်ခန်းအတွင်းမှ ငွေကျပ် ၃၇၀၀ သိန်းကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းမိ

0
266

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊(၇)ရပ်ကွက်ရှိ နေအိမ်တိုက်ခန်းအတွင်းမှ ငွေကျပ် ၃၇၆၄ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား အောက်တိုဘာ ၂၁ ရက်နေ့လည်ပိုင်းကဖမ်းဆီရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် သတင်းအရ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်ရှိ နိုင်လင်းအောင်(ခ) နိုင်လင်း(ခ)သီဟ(၂၈)နှစ် နေထိုင်သည့် နေအိမ်တိုက်ခန်းအား ၀င်ရောက်ရှာဖွေခဲ့ကြသည်။

နေအိမ်တိုက်ခန်း၏ အိပ်ခန်းအတွင်းမှ ငွေကျပ်သိန်း ၃၇၆၄ သိန်းတန်ဖိုးရှိ ကက်တမင်း(၂ ဒသမ ၉၂ ကီလို)၊အက်တက်စီဆေးပြား ၇၀၁၀ ပြား၊စိတ်ပြောင်းဆေးဝါးများရောစပ်ထားသည့်အမှုန့်(Happy Water) ၂၈၀ ဂရမ်တို့အား ဆက်စပ်ပ စ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား လှိုင်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here