အင်းစိန်မြို့နယ်တွင် ကားတစ်စီးအရှိန်လွန်ကာ လမ်းဘေးအုတ်တံတိုင်းဝင်တိုက်တိမ်းမှောက် ၁ ဦးဒဏ်ရာရ

0
277

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊ပြည်လမ်းမပေါ်တွင် အောက်တိုဘာ ၂၄ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ် ဖွဲ့မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က အင်းစိန်မြို့ နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊ပြည်လမ်းမအတိုင်းမောင်းနှင်လာသည့် ကားသည် ထန်းပင်ကုန်းမီးပွိုင့်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအုတ်တံတိုင်းအား ဝင်တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့သည်။

ထို့ကြောင့် အမျိုးသား ၁ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာရတဲ့လူက စိုးရိမ်ရတဲ့အတွက် မြေပြင်မှာပဲအရေးပေါ်ကုသတာတွေလုပ်ပေးပြီး အင်းစိန်ဆေးရုံကို လူနာတင်ကားနဲ့တင်ခေါ်သွားတာတွေ့လိုက်တယ်”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

Photo-အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here