ရီရှီဆူးနက်ခ်က ဗြိတိန်ဝန်ကြီးချုပ်အဖြစ်ယှဉ်ပြိုင်မည်ဟုအတည်ပြု

0
245

လန်ဒန်၊အောက်တိုဘာ ၂၃

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူးနက်ခ်သည် နှုတ်ထွက်သွားသော၀န်ကြီးချုပ်လဇ်ထရပ်စ်နေရာ၌ ဝန်ကြီးချုပ်အဖြစ်ဝာာဝန်ထမ်းဆောင်ရန် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက် တနင်္ဂနွေနေ့က အတည်ပြုပြောကြားခဲ့သည်။

“ယူကေကကြီးမြတ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိမှာတော့ ကျွန်တော်တို့ဟာ စီးပွားရေးအကျပ်အတည်းကို အကြီးအကျယ်ရင်ဆိုင်နေရပါတယ်” ဟု ၎င်းက တွစ်တာတွင်ပြောကြားခဲ့သည်။

“ဒါကြောင့်ကျွန်တော်က ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်တစ်ဦးအဖြစ်သာမက ဝန်ကြီးချုပ်ရာထူးကိုလည်း တာဝန်ယူဖို့ပါဝင်ယှဉ်ပြိုင်သွားပါမယ်” ဟုဆိုခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ ကွန်ဆာဗေးတစ်ပါတီဝင်များ၏ ဆန္ဒအရစက်တင်ဘာလ၌ ရာထူးဆုံးရှုံးသွားခဲ့သော ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်၏နေရာကိုအစားထိုးရန်ယှဉ်ပြိုင်မှုတွင် မစ္စလဇ်ထရပ်စ်ကို ဆူးနက်ခ်ကရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့က မကြေငြာမီတွင်ပင် ဆူးနက်ခ်သည် ၎င်း၏ပြိုင်ဘက်များဖြစ်သောကာကွယ်ရေးဝန်ကြီးဟောင်း ပယ်နီမိုဒန့်ထ်နှင့် ဂျွန်ဆင်တို့ထက်ပင် ကွန်ဆာဗေးတစ်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကို ပိုမိုရရှိခဲ့သည်။

“ကျွန်တော်ဦးဆောင်မယ့် အစိုးရအဆင့်တိုင်းမှာ တည်ကြည်မှုဂုဏ်၊ကျွမ်းကျင်မှုနဲ့ တာဝန်ခံမှု ရှိမှာဖြစ်ပြီး တာဝန်တွေပြီးမြောက်ဖို့လည်း နေ့မအား ညမနားလုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒါကြောင့် ကျွန်တော့်အနေနဲ့  “ကျွန်တော်တို့ရဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ လူကြီးမင်းတို့ထံ အခွင့်အရေးတောင်းနေရခြင်းဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here