အဝါရောင်အဆင့်သတ်မှတ်ထားသည့် ဆိုင်ကလုန်းမုန်တိုင်း”စီတရန်” အရှိန်ကြောင့် ရန်ကုန်တိုင်းအ တွင်း၌ ယနေ့နေ့လည်ပိုင်းမှစကာ မိုးရွာသွန်းလျက်ရှိ

0
265

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း”စီတရန်” အရှိန်ကြောင့် ရန်ကုန်တိုင်းအတွင်း၌ အောက်တို ဘာ ၂၄ ရက်(ယနေ့)နေ့လည်ပိုင်းမှစတင်ကာ မိုး ရွာသွန်းလျက်ရှိသည်။

ဆိုင်ကလုန်းမုန်တိုင်း”စီတရန်”သည် မြန်မာနိုင်ငံဘက်သို့ရောက်မလာနိုင်သဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားသော်လည်း ရန်ကုန်တိုင်းအပါအ ဝင် တိုင်းနှင့်ပြည်နယ် ၉ ခု၌ အောက်တိုဘာ ၂၃ ရက်မွန်းလွဲမှစ၍ အောက်တိုဘာ ၂၆ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အ သိပေးခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း”စီတရန်”သည် မြန်မာနိုင်ငံ၊သံတွဲမြို့၏ အနောက်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်၊စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၄၀ မိုင်ခန့်၊မောင်တောမြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၂၃၅ မိုင်ခန့် ပင် လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း“စီတရန်”သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျား၍ နောက်(၁၂)နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း“စီတရန်”အဖြစ်ရောက်ရှိနိုင်ကာ အောက်တိုဘာ ၂၅ ရက်(မနက်ဖြန်)တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကိုတင်ကိုနာကျွန်းနှင့်ဆန်းဝစ်(ပ်)ကျွန်းတို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

ဆိုင်ကလုန်းမုန်တိုင်း”စီတရန်” အရှိန်ကြောင့် ရန် ကုန်တိုင်း၊နေပြည်တော်၊စစ်ကိုင်းတိုင်း၊မန္တလေး တိုင်း ၊မကွေးတိုင်း၊ဧရာဝတီတိုင်း၊ကချင်ပြည်လး နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေ ရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးသည်းထန်စွာရွာ သွန်းနိုင်ကြောင်း မိုးဇလကအသိပေးခဲ့သည်။

ထို့ပြင် ရခိုင်ကမ်းရိုးတန်းတစ် လျှောက်နှင့်ကမ်း လွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးကာ ရေပြင်/မြေပြင်လေသည် တစ်နာရီမိုင်(၆၀) မှ(၆၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

ရခိုင်ကမ်းရိုးတန်းဒေသသည် မုန်တိုင်းရွှေ့လျားနေသည့် လမ်းကြောင်း၏ လက်ယာဘက်တွင် ရှိနေသဖြင့် ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့၌ အ မြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် (၃၅) မိုင်မှ(၄၅)မိုင်အထိ၊စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊မ န္တလေးတိုင်းနှင့်မကွေးတိုင်းတို့တွင် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၂၀)မှ (၂၅)မိုင်အ ထိ တိုက်ခတ်နိုင်သည်ဟု မိုးဇလကခန့်မှန်းထား သည်။

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက် ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊လျှပ်တစ်ပြက်ရေကြီးခြင်း၊မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီး နေထိုင်သူများသည် မြေပြိုမှုအန္တရာယ်၊မြစ်ငယ်၊ချောင်းငယ်များအနီးနေထိုင်သူများသည် ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလကအသိပေးထားသည်။

ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here