သမ္မတရှီကျင့်ဖျင်ပြန်လည်အရွေးခံရမှုအား မြောက်ကိုရီးယားခေါင်းဆောင်ဂုဏ်ပြု

0
270

ဆိုးလ်၊အောက်တိုဘာ ၂၃

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် တရုတ်နိုင်ငံ၏ခေါင်းဆောင်အဖြစ် သမ္မတရှီကျင့်ဖျင် ပြန်လည်အရွေးခံရသည့်အပေါ် ဂုဏ်ပြုစာတစ်စောင်ပေးပို့ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန် မျှော်လင့်သည်ဟုပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA က အောက်တိုဘာ ၂၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။

“CPC ၏ အကြိမ် ၂၀ မြောက်ညီလာခံသည် တရုတ်ပါတီနှင့်ပြည်သူများအတွက် အရေးပါသောမှတ်တိုင်တစ်ခုအဖြစ် ခေတ်သစ်၌ တရုတ်လူမျိုးများ၏ ထူးခြားသောလက္ခဏာများနှင့်အတူ ဆိုရှယ်လစ်အဖွဲ့အစည်းအောက်ရှိ တရုတ်လူမျိုးကြီးပွားတိုးတက်ရေး၏ သမိုင်းဝင်လုပ်ငန်းစဉ်ကို တွန်းအားပေးခဲ့သည်” ဟု ကင်မ်က ၎င်း၏စာတွင်ထည့်သွင်းပြောကြားခဲ့သည်။

“သမ္မတရှီနဲ့အတူ ခေတ်တောင်းဆိုချက်နဲ့ကိုက်ညီတဲ့ မြောက်ကိုရီးယား – တရုတ် ဆက်ဆံရေး ပိုခိုင်မာတဲ့အနာဂတ်ကိုပုံဖော်မှာဖြစ်ပြီး နှစ်နိုင်ငံဆိုရှယ်လစ်ဝါဒကိုအားကောင်းကောင်းနဲ့ ဆက်လက်တွန်းလှန်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု လည်းပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် တတိယအကြိမ်မြောက် ခေါင်းဆောင်မှုသက်တမ်းကို တနင်္ဂနွေနေ့ကရရှိခဲ့ပြီး သစ္စာခံများနှင့် ပေါင်းစည်းထားသော ထိပ်တန်းအုပ်ချုပ်ရေးအဖွဲ့အသစ်ကို မိတ်ဆက်ခဲ့ကာ မော်စီတုံးနောက်ပိုင်း တိုင်းပြည်၏သြဇာအကြီးဆုံးအုပ်ချုပ်သူအဖြစ် ၎င်း၏နေရာကို ခိုင်မာစေခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here