မလေးတွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားကို မြန်မာနိုင်ငံပြန်ပို့၊ ဖမ်းဆီးစဥ် တိုက်ပေါ်မှ ခုန်ချ၍ ခြေထောက်ကျိုး

0
419

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့တွင် အဲကွန်းပြုပြင်လုပ်ငန်း၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကိုအောင်ဇော်မင်း(၂၂)နှစ်သည် မလေးရှားနိုင်ငံ၌ အော်ပရာစီဖမ်းဆီးစဥ် တိုက်ပေါ်မှခုန်ချခဲ့ရာ ခြေထောက်ကျိုးသွားခဲ့သဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာလူ မှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ကိုအောင်ဇော်မင်းသည် ရခိုင်ပြည်နယ်၊စစ်တွေမြို့၌နေ ထိုင်သူဖြစ်ကာ မလေးရှားနိုင်ငံသို့ တရား မဝင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဂျိုဟိုးမြို့ရှိ အဲကွန်းပြုပြင်သည့်အလုပ်၌ ဝင်ရောက်လုပ်ကိုင်နေ သည်မှာ ၂ နှစ်ခန့်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ကိုင်နေစဥ် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံ၌ အော်ပရာစီဖမ်းဆီးစဥ် ကိုအောင်ဇော်မင်းအပါအဝင် ၅ ဦးသည် လေးထပ်တိုက်ပေါ်မှနေ၍ နေအိမ်မိန်းရေဆင်းပိုက်အား တွယ်ဆင်းကာ ထွက်ပြေးခဲ့ကြသည်။

ထွက်ပြေးစဥ် ၄ ဦးမှာလွတ်မြောက်သွားခဲ့ပြီး ကိုအောင်ဇော်မင်းမှာ ရေပိုက်အားတွယ်ဆင်းစဥ် သုံးထပ်အရောက် ရေပိုက်အဆက်ကျိုး၍ အောက်သို့ပြုတ်ကျသွားခဲ့ပြီး ညာဘက်ခြေကြိုးကာ နီးစပ်ရာရေမြောင်းအတွင်းပုန်းနေခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမှလွတ်မြောက်ခဲ့သည်။

ထို့နောက် နံနက်ပိုင်းတွင် လွတ်မြောက်သွားသူ များက ကိုအောင်ဇော်မင်းအား ရေမြောင်းအ တွင်းမှ ရှာဖွေတွေ့ရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရန် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ထံဆက်သွယ်၍ မြန်မာနိုင်ငံသို့ပြန်ပို့ပေးရန်အကူညီတောင်းခံခဲ့ကြသည်။

ထို့ကြောင့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ကိုအောင်ဇော်မင်းအား မြန်မာနိုင်ငံသို့ပြန်ပို့ပေးနိုင်ရန် ဆောင်ရွက်ခဲ့သဖြင့် အောက်တိုဘာ ၂၃ ရက်တွင် မလေးရှားလေကြောင်းခရီးစဥ်ဖြင့် ရန်ကုန်လေဆိပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)


LEAVE A REPLY

Please enter your comment!
Please enter your name here