ဂြိုဟ်တု ၃၆ လုံး အိန္ဒိယ အောင်မြင်စွာလွှတ်တင်

0
248

အိန္ဒိယနိုင်ငံသည် ဂြိုဟ်တု ၃၆ လုံးကို LVM3 ဒုံးပျံကြီးဖြင့် သယ်ဆောင်ကာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာလွှတ်တင်လိုက်ပြီဖြစ်ကြောင်း အိန္ဒိယ အာကာသ သုတေသနအဖွဲ့ကြီးက သတင်းထုတ်ပြန်သည်။

LVM3 ဒုံးပျံကြီးသည် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးနှင့် အင်အားအကောင်းဆုံး ဝန်တင်ဒုံးပျံကြီးဖြစ်ပြီး ယင်းကို အိန္ဒိယနိုင်ငံတာင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ Satish Dhawan အာကာသဗဟိုဌာနမှ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၇ မိနစ်က ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

“LVM3 ရဲ့ M2/OneWeb India-1 မစ်ရှင်ဟာ အောင်မြင်စွာပြီးစီးခဲ့ပါတယ်။ သယ်ဆောင်သွားတဲ့ ဂြိုဟ်တု ၃၆ လုံးစလုံးကို သတ်မှတ်ပတ်လမ်းတွေအတွင်း အောင်မြင်စွာပို့လွှတ်ပေးခဲ့ပြီးပါပြီ”ဟု အိန္ဒိယ အာကာသ သုတေသနအဖွဲ့ကြီး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here