ဖားကန့်နယ်မြေအတွင်း အကြိမ်ကြိမ်အကြောင်း မဲ့ပစ်ခတ်နေမှုကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ(၉)နယ်မြေအားလိုအပ်သည့် စစ်ဆင်ရေးများတန်ပြန်ဆောင်ရွက်ခဲ့ခြင်းဟု နစက ထုတ်ပြန်

0
371

ဖြစ်စဉ်ဖြစ်ပွားသည့်နေရာသည် ဖားကန့်နယ်မြေအတွင်းရှိ နိုင်ငံပိုင်သဘာဝသယံဇာတ ကျောက် စိမ်းများအား တရားဝင်နှင့်တရားမဝင်တူးဖော်နေသည့် ကုမ္ပဏီများနှင့်ရေမဆေးကျောက်သမားများကို ဆက်ကြေးတောင်းခံရန် KIA နှင့် KIO ဗဟိုမှ ဖွဲ့စည်းထားသည့် KIA တပ်မဟာ(၉)လက်နက် ကိုင်အဖွဲ့၏ အခြေပြုနေရာဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အခင်းဖြစ်နေရာသည် KIA တပ်မဟာ(၉)၏ ဌာန ချုပ်နယ်မြေဖြစ်ပြီး တရားမဝင်စီးပွားရေးဆက်သွယ်လုပ်ကိုင်ရန် ကျောက်သူဌေးအချို့နှင့် KIA လက်နက်ကိုင်အဖွဲ့များသာ ဝင်ရောက်နိုင်သည့် နေရာဖြစ်ကာ ပြည်သူသွားလာရန် လုံခြုံရေးအရ ကန့်သတ်ချက်ရှိသည့် စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်သည်။

KIA တပ်မဟာ(၉)နှင့် KIA အဖွဲ့များ၊ PDF အဖွဲ့တို့သည် သာလွန်အင်အားဖြင့် (၉)ကြိမ် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်း၊ဟုမ္မလင်း၊ရေပေါ်မီးနှင့်ဆက်စပ်နယ်မြေအတွင်း လုံခြုံရေးအ ဖွဲ့၏ အလစ်အငိုက်ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ပြန်ပေးဆွဲခြင်း၊ ခန္တီးမြို့အနီးကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန်လုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းအား ၂၀၂၁ ခုနှစ်၊မေလအတွင်း သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း၊ပြန်လည်ဆုတ်ခွာချိန်၌ လုပ်ငန်းခွင်ပိုင်ယန္တရားများကိုလည်း  မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ကံဆီး၊ လုံးခင်၊ ဖားကန့် ရဲစခန်းများအား အကြိမ်ကြိမ် နှောင့်ယှက်တိုက်ခိုက်ခြင်းများအပြင် ကံဆီး၊လုံးခင်း၊နန့်ယား၊မိုးကောင်း ကားလမ်းတစ်လျှောက်နှင့်တပ်မတော်စခန်းများအား ၂၀၂၁ ခုနှစ်မှ ယနေ့အထိ အလစ်အငိုက်ရယူကာ (၁၁)ကြိမ် နှောင့်ယှက်တိုက်ခိုက်ခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင်လည်း မိုးမောက်မြို့နယ်အနီးရှိ တပ် မတော်စခန်းများ၊လုံခြုံရေးအဖွဲ့ဝင်များနှင့် အ ကြိမ်ကြိမ်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ဗန်းမောက်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သယ်ပို့နေသည့် ခရီးသည်တင် ရေယာဉ်များနှင့်စက်လှေများအား ကသာရွှေကူနှင့်ဗန်းမော်ကြား အကြိမ်ကြိမ်အကြောင်းမဲ့ပစ် ခတ်နေမှုတို့ကြောင့် တပ်မတော်မှ KIA တပ်မဟာ (၉) နယ်မြေအား လိုအပ်သည့်စစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်တွင် အတည်ပြုနိုင်သည့် မြေပြင်သတင်းများနှင့်လိုင်ဇာ၊ KIO ဗဟိုဌာနချုပ်၏ အတွင်းသတင်းများအရ တပ်မဟာမှူးအဆင့်ရှိ ရှရော်လ ဆိုင်း၊ ဒု-တပ်မဟာမှူးအဆင့်ရှိ ဇယ်တောင်၊တိုက်နယ်မှူးအဆင့်ရှိ ဒူကဘာလအောင်၊သယံဇာတတိုင်းတာရေးတာဝန်ခံ ဖေရန် တို့အပါအဝင် KIA နှင့် PDF အဖွဲ့ဝင်များသာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နစက ကထုတ်ပြန်သည်။

လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်ရေးနှင့်ငြိမ်ချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း(၄)ရပ်ကို အခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာဥပဒေ(Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE)အတိုင်း ဆက် လက်ဆောင်ရွက်လျက်ရှိသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here