KIA နှင့် PDF အဖွဲ့ဝင်များ မံယူးကြီးကျေးရွာ၌ အစည်းအဝေးပြုလုပ်မည့်နေရာအား လေကြောင်းမှအကန့်အသတ် ဖြင့် ROE အတိုင်းတိုက်ခိုက်ခဲ့ဟု နစက ထုတ်ပြန်

0
492

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် အနီး၊ဗန်းမောက်မြို့နယ်အတွင်းရှိ ဆေးရုံ ၂ ခုအား တပ်မတော်မှလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သတင်း ထွက်ပေါ်နေမှုများနှင့်ပတ်သက်၍ ဖြစ်စဥ်အမှန်အား နစက ကအောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်တွင် KIA အဖွဲ့သည် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းနယ်စပ်အနီး ဗန်းမောက်မြို့နယ် အတွင်းရှိ မံယူးကြီးနယ်မြေအတွင်း PDF အဖွဲ့ဝင်များအားစုစည်း၍ မြစ်ကြီးနား၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကားလမ်းကြောင်းနှင့်ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်သွားလာနေသည့် ပြည်သူများနှင့်ယန္တရားများအား နှောင့်ယှက်လျက်ရှိသည်။

ဗန်းမောက်နှင့်ပင်လည်ဘူးမြို့နယ်အတွင်းရှိ အစိုးရရုံး၊အဆောက်အဦးများ၊လုံခြုံရေးအဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်အတွင်း အင်အားသုံး၍ အနီးကပ်နှင့်အဝေးမှ (၇၈)ကြိမ်နှောင့်ယှက်တိုက် ခိုက်ခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့ပြင် KIA အဖွဲ့မှ ဒူဂျွန်၊ ဒူကမ္ဘာတို့ဦးဆောင်၍ ဗန်းမောက်မြို့နယ်နှင့်ပင်လည်ဘူးမြို့နယ်ကြား မံယူးကြီးကျေးရွာ၏ ရွာသူ၊ရွာသားများအား PDF အဖွဲ့သို့ဝင်ရောက်ရန် အတင်းအဓမ္မခြိမ်းခြောက်စုဆောင်းခဲ့ပြီး ဝင်ရောက်ခြင်းမရှိသည့် ကျေးရွာ အုပ်စုများအား ရက်သတ်မှတ်၍ ရွာလုံးကျွတ် အကြမ်းဖက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ထို့ကြောင့် ကျေးရွာအုပ်စုအချို့မှ ရွာသူ၊ရွာသားများက KIA နှင့် PDF အဖွဲ့များ အကြမ်းဖက်လုပ်ရပ်များပြုလုပ်ရန် အောက်တိုဘာ ၂၀ ရက်တွင် မံယူးကြီးကျေးရွာအတွင်း အစည်းအဝေး ပြုလုပ်ရန်ရှိကြောင်းကို အောက်တိုဘာ ၁၉ ရက်တွင် လုံခြုံရေးအဖွဲ့ဝင်များထံ အချိန်၊နေရာ အတိအကျ သတင်းပေးပို့လာသည်။

အကြမ်းဖက်လုပ်ရပ်များအား အချိန်မီဟန့်တားနိုင်ရန် ဗန်းမောက်မြို့နှင့် ၃၂ ကီလိုမီတာဝေးသည့် မံယူးကြီးကျေးရွာအား အချိန်နှင့်မြေနေရာကန့် သတ်ချက်များအရ ၎င်းတို့အစည်းဝေးလုပ်သည့်နေရာသို့ အောက်တိုဘာ ၂၀ ရက်မွန်းလွဲပိုင်းတွင် လေကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်ချေ မှုန်းခဲ့သဖြင့် အစည်းအဝေးများလည်း ပျက်သွားခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်ရေးနှင့်ငြိမ်ချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေး၊စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း(၄)ရပ်ကို အခြေခံသည့် လက်နက် ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ(Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်း (Rules of Engagement-ROE) အတိုင်းဆက် လက်ဆောင်ရွက်လျက်ရှိသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here