ဂျပန်ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်း Air Water က အိန္ဒိယတွင် စက်ရုံတည်ဆောက်မည်

0
175

အိုဆာကာ၊အောက်တိုဘာ ၂၃

ဂျပန်နိုင်ငံ၏ Air Water သည် မော်တော်ယာဥ်ထုတ်လုပ်ရေးကဲ့သို့သော နယ်ပယ်များမှ ဝယ်လိုအားမြင့်တက်လာမှုကိုကာမိရန် အိန္ဒိယတောင်ပိုင်း၌ စက်မှုလုပ်ငန်းသုံး ဓာတ်ငွေ့ရည်ထုတ်လုပ်ရေးစက်ရုံတစ်ခု တည်ဆောက်ရန် ရည်မှန်းထားကြောင်းသိရသည်။

အဆိုပါစက်ရုံသည် အောက်ဆီဂျင်နှင့် အခြားဓာတ်ငွေ့များကို အရည်အဖြစ်ပြုလုပ်ပေးမည်ဖြစ်ပြီး  ဆလင်ဒါများဖြင့်ဖြည့်ကာ သယ်ယူပို့ဆောင်မည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါစက်ရုံသည် Air Water က အိန္ဒိယ၌ ပထမဆုံးဆောက်လုပ်သည့်စက်ရုံဖြစ်ပြီး ၂၀၁၉ ခုနှစ်က Linde နှင့် Praxair လုပ်ငန်းများနှင့်အတူတည်ဆောက်ခဲ့သည့် စက်ရုံနှစ်ခုပြီးနောက်တွင် တတိယမြောက်စက်ရုံဖြစ်လာမည်ဖြစ်သည်။

လက်ရှိစက်ရုံများသည် သံမဏိလုပ်ငန်းကဲ့သို့သော စက်မှုလုပ်ငန်းကြီးများ၏ ဝယ်ယူမှုများကို ဖြည့်ဆည်းပေးနိုင်သော်လည်း စက်ရုံအသစ်သည် ချင်နိုင်းအနီးတစ်ဝိုက်ရှိ စီးပွားရေးလုပ်ငန်းများ၏ ပမာဏနည်းသော ဝယ်ယူမှုများအတွက်သာ အဓိကဖြစ်သည်ဟုဖော်ပြထားသည်။

Air Water သည် အဆိုပါစီမံကိန်းတွင် ယန်း ၄ ဘီလျံ (ဒေါ်လာ ၂၆ ဒသမ ၇ သန်း) ခန့် ရင်းနှီးမြှုပ်နှံရန်မျှော်မှန်းထားသည်။၎င်းသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဖွင့်လှစ်ရန်စီစဉ်ထားသည်။

ယခု ယန်း ၁၅ ဘီလျံမှ ၂၀၃၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတွင်းရောင်းအား ယန်း ၅၀ ဘီလျံအထိ တိုးမြှင့်ရန်ရည်မှန်းထားသည့် ကုမ္ပဏီသည် အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင်လည်း တိုးချဲ့ရန်စဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

၂၀၃၀ပြည့် ဘဏ္ဍာနှစ်အထိ အိုဆာကာအခြေစိုက် ကုမ္ပဏီ၏ ရေရှည်စီမံခန့်ခွဲမှုအစီအစဉ်မှာ ၂၀၂၁ ဘဏ္ဍာနှစ်၏ စုစုပေါင်းရောင်းအား ၈ ဒသမ ၆ ရာခိုင်နှုန်းမှ ပြည်ပထုတ်လုပ်မှုရောင်းအား ၂၀ ရာခိုင်နှုန်းတိုးမြှင့်ရန်ဖြစ်သည်။

Air Water သည် အိန္ဒိယအပြင် မြောက်အမေရိကတွင်လည်း ထုတ်လုပ်မှုနှင့်အရောင်းဌာနများကို တိုးချဲ့ရန်စီစဉ်နေသည်ဟုဖော်ပြထားသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here