မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် အင်တာပိုလ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့်အင်တာပိုလ်အထွေထွေ အတွင်းရေးမှူးချုပ်တို့ဆွေးနွေး

0
199

အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့၌ အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် အကြိမ်(၉၀) မြောက် အင်တာပိုလ်အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ် ချုပ်ဇင်မင်းထက်နှင့်အင်တာပိုလ် အထွေထွေအ တွင်းရေးမှူးချုပ် Mr. Jurgen Stock တို့ တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် အင်တာပိုလ်လုပ်ထုံးလုပ်နည်းများနှင့်အညီပူး ပေါင်းဆောင်ရွက်ရန်နှင့်ပြည်ပနိုင်ငံများတွင် ခိုအောင်းနေသည့် မြန်မာနိုင်ငံသားအကြမ်းဖက်သ မားများအား တည်ဆဲဥပဒေများနှင့်အညီ တား ဆီးနှိမ်နင်းရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများအား အစည်းအဝေးစတုတ္ထနေ့၌ အင်တာပိုလ်အထွေ ထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock၊အင်တာပိုလ်မှုခင်းတိုက်ဖျက်ရေးတာဝန်ခံနှင့်အမှု ဆောင်ကော်မတီဝင် Mr. Stephen Kavanagh တို့နှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်သည် မလေးရှားနိုင်ငံ CID ညွှန်ကြားရေးမှူးချုပ် ရဲဗိုလ်ချုပ် Kamarudin BINMP DIW ၊ အင်ဒိုနီးရှားနိုင်ငံရဲအဖွဲ့ အင်တာပိုလ်အတွင်းရေးမှူး ရဲမှူးချုပ် Amur Chandra Juli Buana တို့နှင့်လည်းသီးခြားစီတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် နယ်စပ်ဒေသမှ တရားမဝင်ခိုးဝင်နေသည့် မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံသားများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး၊ ၎င်းတို့နိုင်ငံတွင် ရောက်ရှိနေသည့် ပြစ်မှုကျူးလွန်နေသူ မြန်မာနိုင်ငံသားများအား ဖမ်းဆီးလွှဲပြောင်းပေးရေးတို့ကို နှစ်နိုင်ငံ တည်ဆဲဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ပေးရေး၊ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အစည်းအဝေး ဒုတိယနေ့တွင် ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Chief Prosecutor(ရှေ့နေချုပ်) Mr. MOTORENKS MKAALL နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရဲတပ်ဖွဲ့အချင်း ချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊မြန်မာ နိုင်ငံရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေးတို့အား ဆွေး နွေးခဲ့ကြသည်။

အစည်းအဝေးတတိယနေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲချုပ် Mr. Chowdhury Abudullah Al MAMUN နှင့်တွေ့ဆုံကာ နှစ်နိုင်ငံရဲတပ်ဖွဲ့ပူး ပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊နယ်စပ်ဒေသလုံ ခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်နှင့်အင်တာပိုလ်အမှုဆောင်ကော်မတီဝင် Mr. Binchen HU တို့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ နယ် စပ်ဒေသတွင် Online လောင်းကစားမှုများတိုက်ဖျက်ရေး၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊လန်ချန်း-မဲခေါင် မြစ်ကြောင်းလုံခြုံရေးတွင် LMLECC နှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် H.E. Police General Damrongsak Kittiprapas နှင့်လည်းအစည်းအဝေး၌ အလွတ်သဘောတွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၂ ရက်တွင် ဘန်ကောက်မြို့လေ ဆိပ်အနီးရှိ Novotal Hotel အစည်းအဝေးခန်းမ၌ ထိုင်းတော်ဝင်ရဲအဖွဲ့ ရဲဗိုလ်ချုပ် Khemmarin Hassiri နှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် နှစ်နိုင်ငံနယ်စပ်တွင် တတိယနိုင်ငံသားများ တရားမဝင်ဝင်ရောက်နေမှု၊ မြန်မာနိုင်ငံသား အကြမ်းဖက်သမားများ ထိုင်းနိုင်ငံနယ်စပ်တွင် ခိုအောင်းနေသဖြင့် နယ်စပ်ဒေသလုံခြုံရေးကို ဆိုး ရွားစွာထိခိုက်စေ၍ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်၍ ထိရောက်စွာ ဖော်ထုတ်တားဆီးအ ရေးယူနိုင်ရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုတိုက်ဖျက်ရေးတို့အား နှစ်နိုင်ငံရဲတပ်ဖွဲ့ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိရောက်စွာ အကောင် အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အကြိမ် (၉၀)မြောက် အင်တာပိုလ်အထွေထွေညီလာခံဖွင့်ပွဲသို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Narendra Modi တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး အင်တာပိုလ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ UAE ရဲချုပ် Mr. Ahrmed Nassar al-Raisi နှင့်အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here