ဖလမ်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ကမ်း ပါးမြေပြိုကျ၍ နေအိမ်တစ်လုံးအက်ကွဲခဲ့

0
116

ချင်းပြည်နယ်၊ဖလမ်းမြို့တွင် အောက်တိုဘာ ၂၄ ရက်နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာ သွန်းခဲ့သဖြင့် ကမ်းပါးမြေပြိုကျမှုဖြစ်ပွားကာ ဗလိုင်ရပ်ကွက်၊ဗန်ကာအိုလမ်း၊ကမ်းပါးရံအောက်ရှိ နေအိမ်တစ်လုံး အက်ကွဲခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ဖြစ်စဥ်အား အောက်တိုဘာ ၂၅ ရက်(ယနေ့)နံနက် ၈ နာရီခွဲတွင် သတင်းရခဲ့သဖြင့် ဖလမ်းခရိုင်/မြို့ နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူ များ၊လူမှုကူညီရေးအသင်းများနှင့်ရပ်ကွက်နေသူ များက ပြိုကျနေသည့် မြေစာများအား ရှင်းလင်းဖယ်ရှားခဲ့ကြသည်။

ထို့ပြင် ကမ်းပါးမြေပြိုကျခဲ့သဖြင့် အက်ကွဲသွားသည့် နေအိမ်တွင်နေထိုင်သည့် မိသားစုဝင် ၆ ဦးအား တာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးများ၏ နေအိမ်သို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here