တယ်လီကွန်းတရားစွဲဆိုမှုအား နှောင့်ယှက်သည့်တရုတ်နိုင်ငံသားနှစ်ဦးအား အမေရိက စွဲချက်တင်

0
201

နူးယော့ခ်၊အောက်တိုဘာ ၂၄

တရုတ်ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးကုမ္ပဏီ ဟွာဝေးအားတရားစွဲဆိုရန်ကြိုးပမ်းမှုကို တရုတ်နိုင်ငံသားနှစ်ဦးက ဟန့်တား‌နှောင့်ယှက်သည်ဟုဆိုကာ အမေရိကန်အစိုးရရှေ့နေများက ၎င်းတို့နှစ်ဦးအား တရားစွဲဆိုထားကြောင်း အဆိုပါအမှုနှင့်ရင်းနှီးသူတစ်ဦးက ပြောကြားခဲ့သည်။

တရားခံ Guochun He နှင့် Zheng Wang တို့ကို အောက်တိုဘာ ၂၀ ရက် ရက်စွဲဖြင့်စွဲချက်တင်ခဲ့ကြောင်း တနင်္လာနေ့ကတရားဝင်ကြေငြာချက်ထုတ်ပြန်ခဲ့သည်။တယ်လီကွန်းကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက အမေရိကန်တရားရေးဌာနက အစားထိုးစွဲချက်တင်ကြောင်း ကြေငြာခဲ့သည့်တရားစွဲဆိုမှု၏ တရားခံလည်းဖြစ်သည်။

အဆိုပါတိုင်ကြားချက်တွင် ကုမ္ပဏီအမည်ကိုမဖော်ပြထားသော်လည်း အဆိုပါကိစ္စနှင့်နီးစပ်သူတစ်ဦးကမူ ၎င်းကုမ္ပဏီသည် ဟွာဝေးဖြစ်ကြောင်းပြောကြားခဲ့သည်။၂၀၂၀ ပြည့်နှစ်ဖေဖော်ဝါရီလတွင် တရားရေးဌာနမှ ဟွာဝေးကုမ္ပဏီသည် Racketeer Influenced and Corrupt Organizations ၏အက်ဥပဒေအား ချိုးဖောက်မှုအတွက် အစားထိုးစွဲချက်တစ်ခုဖြင့် တရားစွဲဆိုထားကြောင်းကြေငြာခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဟွာဝေးကုမ္ပဏီ၏တာဝန်ရှိသူအား ဆက်သွယ်ရာတွင် တနင်္လာနေ့က ဆက်သွယ်၍မရကြောင်းသိရှိရသည်။မစ္စတာ He နှင့် Wang တို့အပေါ်စွဲဆိုထားသောစွဲချက်တွင် ၎င်းတို့နှစ်ဦးသည် သက်သေများ၊ရုံးချိန်းဆိုင်ရာအထောက်အထားများနှင့် ကုမ္ပဏီရင်ဆိုင်ရနိုင်သည့် အလားအလာရှိသော စွဲချက်အသစ်များနှင့်ပတ်သက်သော လျှို့ဝှက်အချက်အလက်များကို ရယူရန်ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်၍ He နှင့် Wang တို့သည် ဒေါ်လာ ၁၄,၀၀၀ နှင့် ကန်ဒေါ်လာ ၆၀၀ တန်ဖိုးရှိလက်ဝတ်ရတနာများနှင့် တရားရေးဌာန၏စစ်ဆေးမှုနှင့် ကုမ္ပဏီ ကိုတရားစွဲဆိုချက်ဆိုင်ရာ လျှို့ဝှက်အချက်အလက်များဟုယူဆရသည့်အရာအား အလဲအလှယ်လုပ်ခဲ့သည်ဟု တိုင်ကြားချက်တွင်ဖော်ပြထားခဲ့သည်။

တိုင်ကြားချက်ပါအချက်အလက်များအရ He နှင့် Wang တို့သည် ကုမ္ပဏီအားစတင်တရားစွဲဆိုချိန် ၂၀၁၉ ခုနှစ်ကတည်းက တရားရေးဌာန၏စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ အတွင်းသတင်းများနှင့် အချက်အလက်များကိုရယူရန်ကြိုးပန်းခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here