တိုယိုတာသည် တရုတ် BYD ဘက္ထရီများဖြင့် လျှပ်စစ်ကားများကိုထုတ်လုပ်မည်

0
223

ပေကျင်း၊အောက်တိုဘာ ၂၄

တိုယိုတာသည် BYD Co ဘက္ထရီများဖြင့် မောင်းနှင်မည့် လျှပ်စစ်ကားအသေးစားကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း တနင်္လာနေ့ကကြေငြာခဲ့သည်။

ယခုထုတ်လုပ်မည့်ယာဉ်အား တိုယိုတာ bZ3 ဟုခေါ်မည်ဖြစ်ကြောင်း ဂျပန်ကားထုတ်လုပ်ရေးကပြောကြားခဲ့ပြီး အရောင်းပြခန်းများ၌ မည်သည့်အချိန်တွင် ရောင်းချမည်ကို ပြောကြားခြင်းမရှိခဲ့ပေ။

ယခုထုတ်လုပ်မှုကို တိုယိုတာက ပြုလုပ်ပြီး ဘက္ထရီလျှပ်စစ်ကားများဖြစ်သည့် Beyond Zero (bZ) စီးရီးသစ်မှ ဒုတိယမော်ဒယ်အမျိုးအစား‌ဖြစ်ကြောင်းသိရှိရသည်။

တိုယိုတာသည် BYD ၏ ထုထည်ပါးသော Blade ဘက်ထရီများကို အသုံးပြုထားသည့် bZ3 ကို ဧပြီလက‌ေပကျင့်ကားပြပွဲ၌ ထုတ်ဖော်ပြသရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ပွဲကိုဖျက်သိမ်းခဲ့ရကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများက ရိုက်တာသို့ပြောကြားခဲ့သည်။

bZ3 ကို တိုယိုတာနှင့် BYD တို့ပူးပေါင်းတီထွင်ခဲ့ကြောင်း တိုယိုတာက တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here