မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲထပ်မံဖြစ်ပွား ကုန်တင်ကား ၁ စီးမီးလောင်ပျက်စီး

0
295

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၂၅ ရက် (ယနေ့)မွန်းလွဲပိုင်းက တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ကုန်တင်ကား ၁ စီးမီးလောင်ပျက်စီးနေကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

“ဟုတ်တယ် ဒီနေ့ထပ်ဖြစ်တာတိုက်ပွဲက ၂ နာရီကျော်လောက်ကပေါ့ မီးလောင်သွားတဲ့ ကုန်ကားက ကော့ကရိတ်ဘက်ခြမ်းမှာ ကုန်တွေလည်းအ ကုန်ကုန်တာပေါ့ အဲဒီကားက မြဝတီမြို့ဘက်ကနေ ကော့ကရိတ်ဘက်ကိုဆင်းလာတဲ့ကားပါ ကားသမားနဲ့ပတ်သက်ပြီးဘာမှတော မသိရသေးဘူး” ဟု ကော့ကရိတ်မြို့အခြေစိုက်လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ကော့နွဲ့ကျေးရွာအကျော်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေ နတ်ပစ်ခတ်မှုများအပြင် လက်နက်ကြီးပစ်ခတ်မှုများလည်းရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် အာရှလမ်းမကြီးအား မော်တော်ယာဥ်များဖြတ်သန်းသွားလာခွင့်ပိတ်လိုက်၍ ကုန်တင်ကားများ၊ခရီးသည်တင်ကားများနှင့်ကိုယ်ပိုင်ကားများမှာ နီးစပ်ရာနေရာများ၌ ရပ်တန့်ထားရကြောင်း သိရသည်။

“ကားတွေအကုန်ရပ်ထားရတာပေါ့ ဒီညကတော့ ဒီမှာပဲအိပ်ရတော့မယ် လမ်းပြန်ဖွင့်လည်း ညဘက်ဆိုရင် အာရှလမ်းကဖြတ်သွားလို့အဆင်မပြေဘူး”ဟု မြဝတီမြို့သို့သွားရောက်မည့် ခရီး သည်တင်ကားမောင်းသူ ၁ ဦးကပြောသည်။

အာရှလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၁၈ ရက်ကလည်း နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNU/KNLA , PDF အဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ၅ ရက်ခန့်ကြာ ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့သဖြင့် ကားများရာချီရပ်တန့်ထားခဲ့ရခြင်းလည်း ဖြစ်ပေါ်ခဲ့သည်။

“လမ်းကပြန်ဖွင့်ပေးတာမှဘယ်လောက်မှမကြာသေးဘူး အခု တိုက်ပွဲဖြစ်တော့ပြန်ပိတ်လိုက်တယ် ကုန်တင်ကားတွေအတွက်ကတော့ အခက် အခဲတွေအများကြီးဖြစ်ရတာပေါ့ဗျာ”ဟု ကော့ကရိတ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo CJ


LEAVE A REPLY

Please enter your comment!
Please enter your name here