တရိပ်ရိပ်တက်နေသည့် ပြင်ပအခေါက်ရွှေဈေး အနည်း ငယ်ပြန်ကျသော်လည်း တက်ဈေးတွင်သာ ဆက်လက်ရပ်တည်နေ

0
148

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တဖြေးဖြေး ပြန်လည်မြင့်တက်လာသည့် ပြင်ပအခေါက်ရွှေဈေးကွက်တွင် ယနေ့ ဈေးကွက်ပြန်လည်ဖွင့်လှစ်ချိန်၌ တစ်ကျပ်သားလျင် ၅၀ ၀၀၀ ဝန်းကျင် ပြန်ကျခဲ့သော်လည်း အတက်ဈေးနှုန်းဖြင့်သာ ရပ်တည်နေကြောင်း သိရသည်။

 ယမန်နေ့ ဈေးကွက်ပေါက်ဈေးအရ (၃) သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းမှာ ယနေ့ ဈေးကွက်ဖွင့်ချိန်၌ ၅၀၀၀၀ ဝန်းကျင် ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

” ဒီနေ့တော့ နည်းနည်းကျရိပ်သန်းတယ်။ ဒါပေမဲ့ အတက်ဈေးမှာပဲ ဆက်ရှိနေသေးတယ်” ဟု ရန်ကုန်မြို့ရှိ ရွှေလုပ် ငန်းလုပ်ကိုင်သူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြော သည်။

ယနေ့ အောက်တိုဘာ (၂၅) ရက် နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန် ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၌ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် 2665000 ကျပ်ဖြင့် ဈေးစဖွင့်ထားပြီး အချိန်နှင့်အမျှ အတက်အကျ ရှိနိုင်ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၄) ရက် ပြင်ကပေါက်ဈေးမှာ အကယ်ဒမီမီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျင် ၂၇၁၅၀၀၀ ကျပ်ဖြစ်ပြီး ယနေ့ပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက ၅၀၀၀၀ ဝန်းကျင် ဈေးမြင့်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်က ပြည်တွင်း အခေါ က် ရွှေ တစ်ကျပ်သားလျင် ၂၅၅၀၀၀၀ ဝန်းကျင် ရှိခဲ့ရာမှ (၅) ရက်အတွင်း (၁) သိန်းကျော် ဈေးတက်ခဲ့ခြင်း ဖြစ် သည်။

ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း ရွှေဈေးအနည်းငယ် ပြန်တက်ခဲ့ပြီး ရွှေ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၆၄၅ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။

ယနေ့အောက်တိုဘာ (၂၅) ရက် နေ့လယ်ပိုင်း ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျ ပ်သားလျင် ၁၉၄၅၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

 ယနေ့ ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်တွင် အမေရိက န် တစ်ဒေါ်လာလျင် ၃၀၀၀ ကျပ် ဝန်းကျင် ပေါက်ဈေး သိသိသာသာ ဈေးတက်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here