ပန်းကန်ပြားပျံများလေ့လာမှု နာဆာ စတင်

0
349

ကမ္ဘာ့လေထုနှင့် အာကာသတွင်းရှိ ပန်းကန်ပြားပျံ(UFO) ဟုခေါ်ဝေါ်ကြသော အမျိုးအမည်မသိ ယာဉ်ပျံများနှင့်ပတ်သက်၍ သီးသန့် လွတ်လပ်စွာလေ့လာမှုကို အမေရိကန်ပြည်ထောင်စု အမျိုးသားအာကာသနှင့်လေကြောင်း ညွှန်ကြားမှုဦးစီးဌာန(National Aeronautics and Space Administration-NASA)က တနင်္လာနေ့တွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

NASA မှ သိပ္ပံပညာရှင် သုတေသီ ၁၆ဦးပါဝင်သော အဖွဲ့သည် ကမ္ဘာ့လေထုနှင့် အာကာသတွင်းရှိ ပန်းကန်ပြားပျံ (UFO)ဟုခေါ်ဝေါ်ကြသော အမျိုးအမည်မသိ ယာဉ်ပျံများနှင့် သက်ဆိုင်သော အဖြစ်အပျက်များနှင့်ပတ်သက်သမျှ အချက်အလက်တို့ကို စုဆောင်းလေ့လာပြီးနောက်၊ လေ့လာတွေ့ရှိချက်များကို လာမည့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် အများပြည်သူသိရှိစေရန်ထုတ်ပြန်မည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here