တာချီလိတ်မြို့နယ်တွင် ခွေးများအားသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာမှ အမျိုးသမီးတစ်ဦးထိမှန်သေဆုံး

0
401

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ဝမ်ပုံကျေးရွာအနီးရှိ မဲခေါင်မြစ် ကမ်း၊ဇွဲသာယာကမ်းခြေတွင် အောက်တိုဘာ ၂၅ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ည ၆ နာရီ ၄၅ မိနစ်ခန့်က ဇွဲသာယာကမ်း ခြေပိုင်ရှင် ဦးဇွဲ(ခ)မြင့်နိုင်ထွန်းသည် နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်စဥ် ခွေးများအ ချင်းချင်းကိုက်နေသဖြင့် မောင်းထုတ်ခဲ့သည်။

ထိုသို့ မောင်းထုတ်သော်လည်း ခွေးများမှာထွက်သွားခြင်းမရှိသဖြင့် ၎င်းကိုင်ဆောင်သည့်  9 mm ပစ္စတိုသေနတ်ဖြင့်မြေပြင်အားခြောက်လှန့်ပစ် ခတ်ခဲ့ရာ ကျည်သည်မြေပြင်ရှိ ကျောက်ခဲအားထိမှန်၍ လမ်းကြောင်းပြောင်းပြီး စျေးရောင်းနေသည့် မလှလှဝင်း(ခ)မလှရီ ၏ညာဘက်ရင်အုံအား ထိမှန်ခဲ့သည်။

ထို့ကြောင့် မလှလှဝင်း(ခ)မလှရီအား တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ဆေးကုသစဥ် ည ၉ နာရီခန့်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ဦးဇွဲ(ခ)မြင့်နိုင်ထွန်းအား (ပ)၃၈/၂၀၂၂၊ရာဇသတ်ကြီးပုဒ်မ ၃၀၂၊အမှုကြီးအမှတ်စဥ် ( ၂/၂၀၂၂)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here