ကြို့ပင်ကောက်မြို့တွင် မုန့်ဆိုင်ဂိုဒေါင်၌ ၁ နာရီခန့်ကြာမီးလောင်မှုဖြစ်ပွား

0
203

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့၊စျေးချိုမြောက်ရပ်ကွက်ရှိ မုန့်ဆိုင်ဂိုဒေါင်တွင် အောက်တိုဘာ ၂၅ ရက်ညပိုင်းက ၁ နာရီခန့်ကြာမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၂ နာရီခွဲခန့်က ကြို့ပင်ကောက်မြို့၊ဈေးချိုမြောက်ရပ်ကွက်၊ရုံးလမ်းရှိ မုန့်ဆိုင်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ကြို့ပင်ကောက်မြို့နယ်၊ဇီးကုန်းမြို့နယ်မီးသတ်စခန်းနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၃ နာရီ ၂၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတာမရှိပါဘူး မီးခိုးမွှန်တာလောက်တော့ရှိတာပေါ့ အချိန်မီငြှိမ်းနိုင်ခဲ့ပါတယ်”ဟု ကူညီငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here