မသန်စွမ်းများနှင့် မသန်စွမ်းအဖွဲ့အစည်းများအား ကျပ်ငွေ (၃) ဘီလီယံ ထုတ်ချေးပေးမည် ၊ ကာလတို ချေးငွေဖြစ်၍ (၃) နှစ်အတွင်း ပြန်ဆပ်ရမည်

0
218

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအ မျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာ ၂၅ ရက်မွန်း လွဲပိုင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၂/၂၀၂၂)သို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအ ရင်းမပျောက်မတည်ငွေကျပ်(၃)ဘီလီယံကို တိုး ပွားအောင်ဆောင်ရွက်ပြီးမသန်စွမ်းသူများ၊မသန်စွမ်းအဖွဲ့အစည်းများသို့ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်၊

“မသန်စွမ်းသူတွေအတွက် မတည်ရန်ပုံငွေကျပ် (၃)ဘီလီယံကိုအလေအလွင့်မရှိစေဘဲ စနစ်တကျ တိုးပွားစေဖို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနနဲ့ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ပူးပေါင်းပြီး အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွေကို စီးပွားရေးချေးငွေကာလတို(၃) နှစ်ထုတ်ချေးပြီး ရန်ပုံငွေကိုတိုးပွားအောင်ဆောင် ရွက်သွားကြရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြော သည်။

တိုးပွားလာသည့် ရန်ပုံငွေအား မသန်စွမ်းသူများ ၏ ပညာရေး၊ကျန်းမာရေး၊လူမှုရေးနှင့်မသန်စွမ်းသူများအကျိုးပြုလုပ်ငန်းများတွင် ထောက်ပံ့သုံး စွဲသွားမည်ဖြစ်၍ မသန်စွမ်းသူများအတွက်အမှန်တကယ်အကျိုးရှိစေမည်ဟု ပြောသည်။

ထို့ပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင် ရာအမျိုးသားကော်မတီအောက်တွင် ချေးငွေထုတ်ချေးရေးကော်မတီ၊ချေးငွေစိစစ်ရေးအဖွဲ့နှင့် ချေးငွေကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းရန် ခွင့်ပြု ထားပြီးဖြစ်သည်ဟု ပြောသည်။

“အရင်းမပျောက်မတည်ရန်ပုံငွေက တိုးပွားလာတဲ့ ရန်ပုံငွေကို မသန်စွမ်းသူတွေရဲ့ လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်စေဖို့ ပံ့ပိုးပေးမယ့်အစီအစဥ်နဲ့စည်း မျဉ်းစည်းကမ်းတွေရေးဆွဲနိုင်ဖို့အတွက် မသန် စွမ်းသူတွေ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့အလုပ်ရုံဆွေးနွေးပွဲကျင်းပသွားရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

မသန်စွမ်းသူများဂုဏ်သိက္ခာရှိစွာ၊အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်ရန် အသက်မွေးဝမ်းကြောင်းပညာရရှိရေး၊အလုပ်အကိုင်အခွင့်အ လမ်းနှင့်ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့သည် အရေး ကြီးသည်ဟု ပြောသည်။

ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊စက်မှုဝန် ကြီးဌာန၊အလုပ်သမားဝန်ကြီးဌာန၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် Vocational Training သင်တန်းများတွင် မသန်စွမ်းသူများ ပုံမှန်ပါဝင်တက်ရောက်နိုင်ရန် စီမံချက်ရေးဆွဲဆောင်ရွက်သွားရမည်ဟု ပြောသည်။

“မသန်စွမ်းသူတွေ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေဖို့အတွက် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတွေ လုပ်ငန်းရှင်တွေ စီမံအုပ်ချုပ်သူတွေကို မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေ၊နည်းဥပဒေနဲ့ဝေပုံကျနှုန်းထား အသိပညာပေးတာတွေကို ဆောင်ရွက်ပေးရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မသန်စွမ်းသူများ၏အခွင့်အရေးများကို ထိထိရောက်ရောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျန်းမာရေး၊ပညာရေး၊အလုပ် အကိုင်၊သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေ အနေများမသန်စွမ်းအမျိုးသမီးနှင့်ကလေးသူ ငယ်များ၊သတင်းအချက်အလက်နည်းပညာနှင့်လွယ်ကူစွာသွားလာနေထိုင်အသုံးပြုနိုင်ရန်၊တ ရားမျှတမှုရရှိပိုင်ခွင့်၊သုတေသနနှင့်စောင့်ကြည့်အကဲဖြတ်ရန် ဆပ်ကော်မတီ(၉)ခု ဖွဲ့စည်းထား သည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here