မန္တလေး မြရည်နန္ဒာတွင် အမျိုးသမီးတစ်ဦး တိုက်ပေါ်မှ ခုန်ချ၊ ဆေး ရုံသို့ဆောင်စဉ် သေဆုံး

0
376

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်တွင် အမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်မှ ခု န်ချကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်း ရင်းမြစ်များထံမှ သိရသည်။

ယနေ့ အောက်တိုဘာ (၂၆) ရက် နံနက် (၉) နာရီဝန်းကျင်တွင် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတ ည်ပြု ပြောကြားသည်။

” မနက် (၉) နာရီလောက်က ဖြစ်တာပေါ့။ ဆေးရုံကိုပို့နေတုန်း လမ်းမှာ ဆုံးသွားတာ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်၊ မြရည်နန္ဒာတိုက်တန်း၊ မမ (၂၆) ၊ တိုက်အမှတ် (၁၄) တွင် နေထိုင်သ ည့် အသက် (၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး တိုက်ပေါ်မှ ခုန်ချကြောင်း သတင်းရရှိသဖြင့် မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကာ ကယ်ဆယ်ရေး လု ပ်ငန်းများ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသ ည်။

အဆိုပါ အမျိုးသမီးအား မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆော င်ပေးစဉ် လမ်းတွင် သေဆုံးသွားခဲ့သည့်အတွက် အလော င်းအား မန္တလေးဆေးရုံကြီး ရင်ခွဲသို့ ပို့ဆောင်ပေးခဲ့ကြော င်း မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

သေဆုံးသူအမျိုးသမီးသည် မည်သည့်အကြောင်းကြော င့် တိုက်ပေါ်မှ ခုန်ချသည်ကို အတည်ပြုရန် အခက်အခဲကြောင့် အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး အပါအဝင် နေရာအများတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့်အောက်တိုဘာ (၂၄) ရက်ကလည်း ရန်ကုန်မြို့ ကမာကြည်တံတာပေါ်မှ အမျိုး သမီးတစ်ဦး ခုန်ချအဆုံးစီရင်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သ ည်။

အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းကို ယနေ့ အောက်တို ဘာ (၂၆) ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သဖြင့် ဆယ်ယူခဲ့ကြောင်း ရန်ကုန်အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here