အိန္ဒိယတွင် ဒီပါဝလီနေ့အကြို ဆီမီးခွက်ထွန်းညှိမှု ကမ္ဘာ့စံချိန်တင်

0
283

အောက်တိုဘာ ၂၃ ရက်၊ ဒီပါဝလီနေ့ အကြိုညက အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်တွင် ဆီမီးခွက်ပေါင်း ၁သန်းခွဲကျော်ကို ထွန်းညှိခဲ့ကြပြီး ယင်းထွန်းညှိမှုသည် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းဝင်သွားခဲ့သည်။

အိန္ဒိယနိုင်ငံ ခရီးသွားဌာန၊ ဥတာပရာဒက်ရှ်အုပ်ချုပ်ရေးအဖွဲ့၊ ဒိစတြိတ်စီမံခန့်ခွဲရေးအဖွဲ့တို့နှင့် ဒေါက်တာ ရာမန်နိုဟာလိုဟီယာအဗာ့ဒ်တက္ကသိုလ်တို့၏ စီစဉ်မှုဖြင့် ဆီမီးခွက်ပေါင်း ၁,၅၇၆,၉၅၅ ကို ဒီပါဝလီနေ့ အကြိုညက ထွန်းညှိကာ ပွဲတော်ကို ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

ယင်းဆီမီးခွက်များသည် ရိုးရာဓလေ့ထုံးတမ်းအရ ရွှံ့ဖြင့်ပြုလုပ်ထားသော ခွက်များအတွင်း ဝါဂွမ်းချည်မျှင်နှင့် ဆီတို့ကို အသုံးပြု၍ ထွန်းညှိခြင်းဖြစ်သည်။

အဆိုပါ ဆီမီးခွက်ထွန်းညှိခြင်းအခမ်းအနားသို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီလည်း တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here