ဘိုင်ဒင်နှင့် ဆူနက်ခ်တို့ ယူကရိန်းကို ကူညီပံ့ပိုးရန်နှင့် တရုတ်ရန်မှကာကွယ်ရန် သဘောတူညီခဲ့– အိမ်ဖြူတော်

0
226

ဝါရှင်တန်၊ အောက်တိုဘာ ၂၆

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ်သစ် ရီရှီး ဆူနက်ခ်တို့သည် အောက်တိုဘာလ ၂၅ ရက် အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ယူကရိန်းကို ပံ့ပိုးကူညီရန်နှင့် တရုတ်ရန်မှ ကာကွယ်ရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ဆူနက်ခ်သည် ယခုနှစ်အတွင်း ဗြိတိန်၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီး နာရီပိုင်းအကြာတွင် ဘိုင်ဒင်နှင့် ပထမဆုံးအကြိမ် စကားပြောဆိုခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် အမေရိကနှင့် ဗြိတိန်ကြားရှိ အထူးဆက်ဆံရေးကို ထပ်လောင်းအတည်ပြုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရန် အတူတကွ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ဆိုသည်။

“ယူကရိန်းကို ထောက်ပံ့ကူညီဖို့အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးကြောင်းနဲ့ ရုရှားဟာ သူရဲ့ကျုးကျော်ရန်စမှုအတွက် တာဝန်ယူရမည်ဖြစ်ကြောင်းကို ခေါင်းဆောင်တွေက သဘောတူညီခဲ့ပါတယ်” ဟု ရုရှား-ယူကရိန်း အရေးအခင်းအကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဘိုင်ဒင်နှင့် ဆူနက်ခ်သည် ဝါရှင်တန်က ယနေ့ကမ္ဘာ့စင်မြင့်ပေါ်တွင် ၎င်း၏ ပထဝီဝင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ထိပ်တန်းပြိုင်ဘက်အဖြစ် သတ်မှတ်ထားသော တရုတ်နိုင်ငံ၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် သဘောတူညီခဲ့ကြကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အင်္ဂါနေ့နံနက်ပိုင်းက ဘိုင်ဒင်သည် ဆူနက်ခ်အား တွစ်တာပေါ်တွင် ဂုဏ်ပြုခဲ့သည်။

ဘိုင်ဒင်သည် တနင်္လာနေ့တွင် ဗြိတိန်၏ ပထမဆုံးသော အာရှ သားကိုဝန်ကြီးချုပ် ရွေးချယ် ခြင်းအား အလွန်အံ့အားသင့်ဖွယ်ကောင်းသော၊ မိုင်တိုင်အသစ်တစ်ခု အဖြစ် ဖော်ပြခဲ့သည်။

ဗြိတိန်သည် ယူကရိန်းစစ်တပ်ကို လက်နက်တပ်ဆင် ပံ့ပိုးရာတွင် ပါဝင်နေသည့် အမေရိက၏ အဓိက ဥရောပမဟာမိတ်နိုင်ငံဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here