အကျိုးတူလယ်ယာစနစ်အား စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊အသင်းအဖွဲ့များဆက်သွယ်ရမည့် သက် ဆိုင်ရာ အသင်းများအားအသိပေးထုတ်ပြန်

0
159

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျိုးတူလယ်ယာစနစ်အား အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိတ်ပါဝင်စားသည့် ကုမ္ပဏီ၊အသင်းအဖွဲ့များဆက်သွယ်ရမည့် သက်ဆိုင်ရာ အသင်းများအား အသိပေးထုတ်ပြန်ခဲ့သည်။

စပါးသီးနှံအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ဆောင်းပဲတီစိမ်းသီးနှံအတွက် မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်း၊တောင်သူများကို သွင်းအားစုဖြန့်ဖြူးနိုင်ရန်အ တွက် မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုး ရေးဆေးလုပ်ငန်းရှင်များအသင်းတို့နှင့်ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထုတ်ပြန်ခဲ့သည်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဖုန်း ၀၁-၂၁၈၂၆၆၊ ၀၁-၂၃၀၁၁၂၈၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်း ဖုန်း ၀၁-၂၃၁၄၈၂၈၊ ၀၁-၂၃၁၄၈၃၆၊ မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဖုန်း ၀၉-၇၆၅၄၁၁၃၇၀၊ ၀၉-၅၀၁၂၆၆၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နွေစပါးသီးနှံနှင့် ဆောင်းပဲတီစိမ်းသီးနှံအား အကျိုးတူလယ်ယာစနစ်ဖြင့်ဆောင်ရွက်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊မြန်မာနိုင်ငံပဲမျိုးစုံ၊ပြောင်းနှင့်နှမ်းကုန်သည်များအသင်း၊မြန် မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းတို့နှင့်ညှိနှိုင်း၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီများအားဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here