မြန်မာနိုင်ငံ၌ နိုင်ငံရေးစတင်ဖြစ်ပွားသည့်အချိန်မှစ၍ လက်ရှိအချိန်အထိ လူဦးရေ ၁ သန်းကျော် နေရပ်စွန့်ခွာနေရဟု UN OCHA Myanmar ထုတ်ပြန်

0
180

မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် လက်ရှိအချိန်အထိ လူဦးရေ ၁ သန်းကျော်နေရပ်များအားစွန့်ခွာတိမ်းရှောင်နေရသည်ဟု UN OCHA Myanmar က အောက်တိုဘာ ၂၆ ရက်(ယနေ့)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စာရင်းသည် အောက်တိုဘာ ၁၇ ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရဖြစ်ကာ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဥ်မဖြစ်ပွားမီ နေရပ်စွန့်ခွာသူများအပါအဝင် ၁ ဒသမ ၄ သန်းနီးပါးရှိကြောင်း သိရသည်။

အဆိုပါ နေရပ်စွန့်ခွာနေရသူများအား လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများမှ အရေးပေါ်နှင့်လူမှုဘဝကယ်ဆယ်ရေးအကူအညီများအား ဆက်လက်ပံ့ပိုးပေးလျက်ရှိကြောင်း UN OCHA Myanmar မှထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုင်ငံတဝှမ်း၌ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုများ၊နေအိမ်ပျက်စီးမှုများ၊နေအိမ်စွန့်ခွာရမှုများလည်း ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ပိုမိုလိုအပ်လာသည်ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ကျောက်တော်၊မောင်တော၊မင်းပြားနှင့်ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့တွင်လည်း တိုက်ပွဲများဆက်လက်ဖြစ် ပွားလျက်ရှိသည်ဟု UN OCHA Myanmar ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here