နမ့်စန်နှင့်ဘားအံမြို့တို့တွင် စိတ်ကြွဆေးပြားများဖမ်းမိ

0
288

ရှမ်းပြည်နယ်၊နမ့်စန်မြို့နယ်နှင့်ကရင်ပြည်နယ်၊ဘားအံမြို့တို့တွင် အောက်တိုဘာ ၂၅ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် နမ့်စန်မြို့နယ်၊လွိုင်စန့်ကျေးရွာအနီးတွင် နမ့်စန်မြို့ဘက်မှမိုးနဲမြို့ဘက်သို့ စိုင်းစံမြ(၂၈)နှစ်မောင်းကာ စိုင်းစွမ်၀မ်း(၂၃)နှစ်နှင့်အိုက်လူ(၂၂)နှစ်တို့ လိုက်လာသည့် Mitsubishi Pajero Sport ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင် ၎င်းတို့ ၃ ဦးအတူတကွသိုဝှက်သယ် ဆောင်လာသည့် စိတ်ကြွဆေးပြား ၆၀၀၀၀ ပြားအား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ပြင် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၀င်များသည် ကရင်ပြည်နယ်၊ဘားအံမြို့၊အမှတ်(၉)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုအား သတင်းအရ ၀င်ရောက် ရှာဖွေခဲ့ကြသည်။

အဆိုပါ တည်းခိုခန်း၌ တည်းခိုနေထိုင်သူ ဇေယျာလှိုင်(၄၁)နှစ်၏ အခန်းအတွင်းမှ စိတ်ကြွဆေး ပြား ၃၆၀၀ ပြားအားဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ် ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူများအား နမ့်စန်မြို့မရဲစခန်းနှင့်ဘားအံမြို့မရဲစခန်းတို့က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here