စင်ကာပူလေကြောင်းမှ လေယာဉ်ပေါ်တွင် ဗုံးပါသည်ဟု မဟုတ်မမှန်သတင်းပေးခဲ့သူမှာ စိတ်ရောဂါရှိသူဟုဆို

0
213

ဖလော်ရီဒါမှ စင်ကာပူသို့ပျံသန်းလာသော စင်ကာပူလေကြောင်း ခရီးစဉ်အမှတ် SQ33 ပေါ်တွင် ဗုံးတစ်လုံးပါရှိသည်ဟုပြောဆိုခဲ့ပြီး၊ အနီးမှ အမျိုးသားတစ်ဦး၏ ပါးကိုပါ ရိုက်ခဲ့သော အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား La Andy Hien Ducဆိုသူသည် စကီဇိုဖရီးနီးယားစိတ်ရောဂါကို ခံစားနေရသည့် စိတ်မကျန်းမာသူတစ်ဦးဖြစ်ကြောင်း သူ၏ရှေ့နေ Johannes Hadi က တရားရုံးတွင် လျှောက်လဲခဲ့သည်။

ရှေ့နေ၏လျှောက်လဲချက်နှင့် စိတ်ကျန်းမာရေးအင်စတီကျူမှ စစ်ဆေးချက်အစီရင်ခံစာတို့ကို ပြန်လည်သုံးသပ်ပြီးပါက အဆိုပါ အမေရိကန်နိုင်ငံသားအား ပြင်းထန်စွာသတိပေးခြင်းကိုဆောင်ရွက်ရန်အလားအလာရှိကြောင်း တရားရုံးမှ ယနေ့ အောက်တိုဘာ ၂၇ ရက်တွင်သိရသည်။

ယခုကဲ့သို့ ခြိမ်းခြောက်စကားများပြောဆိုမှုအား စင်ကာပူဒေါ်လာ ၅၀၀၀ အထိပြစ်ဒဏ်ချမှတ်နိုင်သည်။ သို့ရာတွင် အခြားသူတစ်ဦး၏ ပါးကို ရိုက်ခဲ့ခြင်းအား သီးသန့်ပြစ်ဒဏ်တစ်ခု ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

စက်တင်ဘာ ၂၈ ရက်က ပျံသန်းခဲ့သော စင်ကာပူလေကြောင်းလိုင်း ခရီးစဉ်အမှတ် SQ33 ပေါ်တွင် ထိုသို့ဖြစ်ပွားခဲ့ပြီးနောက် စင်ကာပူလေတပ်မှ တိုက်လေယာဉ်များ၏ ဝန်းရံစောင့်ကြပ်မှုဖြင့် လေယာဉ်သည် ချန်ဂီလေဆိပ်သို့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here