မြန်မာနိုင်ငံသား ၁၄ ဦး ထိုင်း-မလေးရှားနယ်စပ်တွင် မလေးရှားနိုင်ငံတာဝန်ရှိသူများ၏ ဖမ်းဆီးခံရ

0
326

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၁၄ ဦးသည် အောက်တိုဘာ ၂၆ ရက်နံနက်ပိုင်းက ထိုင်း-မလေးရှားနယ်စပ်၌ မလေးရှားနိုင်ငံတာဝန်ရှိသူများ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နံနက် ၁၀ နာရီခွဲခန့်က မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦး၊အမျိုးသ မီး ၂ ဦး(စုစုပေါင်း ၁၄ ဦး)အား ထိုင်း-မြန်မာနယ် စပ် Tanggungjawab ဧရိယာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ နယ်ခြားစောင့်စစ်တပ်(ATM)အဖွဲ့များသည် နိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက် လာသူများမရှိစေရန် ကင်းလှည့်စောင့်ကြည့်နေချိန်၌ မြန်မာနိုင်ငံသားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား ၁၄ ဦးအား Bukit Kayu Hitam ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here