လုပ်ငန်းခွင်၌ထိခိုက်သေဆုံးခဲ့သည့် အာမခံအ လုပ်သမား ၂ ဦး၏ မိသားစုဝင်များအား အကျိုးခံစားခွင့်များထုတ်ပေး

0
240

မန္တလေးတိုင်းမြို့တွင် လုပ်ငန်းခွင်၌ထိခိုက်သေ ဆုံးခဲ့သည့် အာမခံအလုပ်သမား ၂ ဦး၏ မိသားစုဝင်များအား အောက်တိုဘာ ၂၇ ရက်က မန္တလေးမြို့၊အလုပ်သမားဆေးရုံကြီး၌ အကျိုးခံစားခွင့်များထုတ်ပေးခဲ့သည်။

အဆိုပါ အာမခံအလုပ်သမား ၂ ဦးသည် ချမ်းအေးသာစံမြို့နယ်လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ထားခြင်းဖြစ်၍ ၂၀၁၂ခုနှစ်၊လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်းဖြစ်သည်။

မန္တလေးမြို့တော်ဝန်က လုပ်ငန်းခွင်၌သေဆုံးခဲ့သည့် အာမခံအလုပ်သမားတစ်ဦး၏ ဇနီးဖြစ်သူအား လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကျပ် (၁၃၇၅၀၀၀၀)အား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီးက လုပ်ငန်းခွင်၌သေဆုံးခဲ့သည့် အာမခံအလုပ်သမား၏ ခင်ပွန်းဖြစ်သူအား လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကျပ် (၁၁၇၀၀၀၀၀)အား ပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here