မိမိတို့သည် တရုတ်နိုင်ငံနှင့်ရော သမ္မတရှီနှင့်ပါ ပဋိပက္ခဖြစ်စေရေးကို ပြုလုပ်နေကြခြင်းမဟုတ်ဟု ဘိုင်ဒင်ဆို

0
225

မိမိတို့အနေဖြင့် တရုတ်နိုင်ငံနှင့်ရော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်ပါ ပဋိပက္ခများဖြစ်ပွားစေရေးကို ကြိုးပမ်းဆောင်ရွက်နေကြခြင်းမဟုတ်ဟု သူ၏ စစ်ဖက်ဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်များနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာဝယ် သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။

“သူတို့နဲ့ ပဋိပက္ခတွေရှာနေတာမဟုတ်ပါဘူး”ဟု မစ္စတာဘိုင်ဒင်ကပြောသည်။

ထိုသို့ ပဋိပက္ခများဖြစ်ပွားစေရေးကြိုးပမ်းဆောင်ရွက်နေခြင်းမဟုတ်သည်ကို သမ္မတရှီကလည်း သိကြောင်း ဘိုင်ဒင်က ထပ်လောင်းပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ညီလာခံပြီးသွားသည့်နောက်ပိုင်း တရုတ်နိုင်ငံနှင့် ပတ်သက်၍ သမ္မတဘိုင်ဒင်က ယခုကဲ့သို့ ပထမဆုံး မှတ်ချက်ပြုလာခြင်းဖြစ်သည်။

ထို့အပြင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု၊ ကမ္ဘာကြီးတွင် ရာသီဥတုများဖေါက်ပြန်နေမှုအစရှိသည်တို့မှသည် အင်ဒိုပစိဖိတ်ဒေသများအထိ ပြဿနာအ၀၀ကို အမေရိကန်က ဦးဆောင်ကိုင်တွယ်သွားမည်ဟုလည်း ဘိုင်ဒင်က ပြောကြားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here