အီရန်လုပ် ဒရုန်းများအရေး ဘိုင်ဒင်က အစ္စရေးသမ္မတအား ဆွေးနွေး

0
180

အီရန်က ရုရှားနိုင်ငံသို့ ထောက်ပံ့ထားသော ဒရုန်းများ၏ စွမ်းရည်ကို ယူကရိန်းတွင် တွေ့ရှိရခြင်းနှင့် ယင်းဒရုန်းများ၏ ခြိမ်းခြောက်မှု ကြီးထွားလာခြင်းအပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးသမ္မတ အိုက်ဆက်ဟာဇော့ခ်နှင့် ယမန်နေ့က အိမ်ဖြူတော်၌ တွေ့ဆုံရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

အီရန်၏နျူကလီးယားအစီအစဉ်၊ တင်းကျပ်သော အီရန်ဘာသာရေးဥပဒေများကို ဆန့်ကျင်ဆန္ဒပြနေသည့် ဆန္ဒပြသူများကို ချေမှုန်းခြင်းနှင့် ရုရှားသို့ ဒရုန်းရောင်းချမှုပြဿနာတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲအပြီးတွင် အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးက သတင်းထောက်များအား ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံအနေဖြင့် ယူကရိန်းအား ထောက်ပံ့ကူညီရန် ဖိအားများပေးခြင်းခံနေရချိန်တွင် ထိုသို့ဆွေးနွေးခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here