နိုင်ငံခြားသားများ ဘာလီကျွန်းတွင် ၁၀ နှစ်ကြာ နေထိုင်နိုင်မည့် ဗီဇာပေါ်လစီအသစ်ကို မိတ်ဆက်

0
203

ဂျာကာတာ၊ အောက်တိုဘာ ၂၇

ဘာလီကျွန်းတွင် ကာလရှည် နေထိုင်လိုသော  နိုင်ငံခြားသားများသည် အင်ဒိုနီးရှား၏ ဗီဇာမူဝါဒအသစ်အရ ယခုအခါ ကျွန်းပေါ်တွင် ၁၀ နှစ်အထိ နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။

ဒုတိယအိမ်ဟု အမည်ပေးထားသော ဗီဇာအစီအစဉ်အသစ်အရ နိုင်ငံခြားသားများသည် ဘာလီတွင် ငါးနှစ် သို့မဟုတ် ၁၀ နှစ်အထိ နေထိုင်နိုင်ပြီး လိုအပ်ချက်များနှင့် ကိုက်ညီပါက အမျိုးမျိုးသော လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။

စိတ်ဝင်စားသူများအနေဖြင့် ၎င်းတို့၏ ဘဏ်စာရင်းများတွင် အနည်းဆုံး ရူပီယာ ၂ ဘီလီယံ (ကန်ဒေါ်လာ တစ်သိန်း နှစ်သောင်း ရှစ်ထောင့် လေးရာ) နှင့် အနည်းဆုံး ၃၆ လ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် ရှိရမည်။

“ရည်ရွယ်ချက်ကတော့ ဘာလီနဲ့ တခြားနေရာတွေကို နိုင်ငံခြား ခရီးသွားတွေ လာဖို့အတွက် ဆွဲဆောင်ဖို့ပါ” ဟု လူဝင်မှုကြီးကြပ်ရေးဌာန ယာယီညွှန်ကြားရေးမှူးချုပ် Widodo Ekatjahjana က အောက်တိုဘာ ၂၅ ရက် အင်္ဂါနေ့၌ အစီအစဉ်ကို စတင် အစပျိုးစဉ်အတွင်း ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ် အစပျိုးမှုမှာ နိုဝင်ဘာလလယ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသော ဂျီ ၂၀ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး မတ်ိုင်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ စည်းမျဉ်းသစ်သည် ယခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် စတင် အကျိုးသက်‌ေရာက်မည်ဖြစ်သည်။

“ဘာလီမှာ ရေရှည်နေထိုင်မယ့်သူတွေကိုသာ ဒုတိယ အိမ်ဗီဇာ ထုတ်ပေးသွားမှာပါ” ဟု အင်ဒိုနီးရှားခရီးစဉ်နှင့် ခရီးသွားအေဂျင်စီများ၏ ဘာလီဒေသဆိုင်ရာ အကြီးအကဲ Mr Winastra က စီအင်န်အေ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်များကို မှီခိုနေရသော ဘာလီသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အင်ဒိုနီးရှားတွင် အထိခိုက်ဆုံး ပြည်နယ်ဖြစ်ခဲ့သည်။  ၎င်း၏စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ် တွင် ၉ ဒသမ ၃၁ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၄၇ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကုန်တွင် ဘာလီ၏ ခရီးသွားကဏ္ဍ ပြန်ဖွင့်ခြင်းနှင့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးတို့ကြောင့် အင်ဒိုနီးရှားဗဟိုဘဏ်က ၎င်း၏စီးပွားရေးသည် ယခုနှစ်တွင် ၃.၈၀ ရာခိုင်နှုန်းမှ ၄.၆၀ ရာခိုင်နှုန်းကြား တိုးလာမည်ဟု မျှော်လင့်ထားသည်။

source: CNA

Photo :CNA


LEAVE A REPLY

Please enter your comment!
Please enter your name here